Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 လူတို့​သည် သင်တို့​ကို ဝတ်ပြုဆောင်များ​သို့​လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များ​ထံသို့​လည်းကောင်း ခေါ်ဆောင်သွား​သောအခါ သင်တို့​သည် မိမိကိုယ်ကိုယ် မည်သို့​ခုခံပြောဆိုရမည်​ကို မစိုးရိမ်ကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ``လူ​တို့​သည်​သင်​တို့​ကို​တ​ရား​ဇ​ရပ်​များ​သို့ လည်း​ကောင်း၊ မင်း​များ​အာ​ဏာ​ပိုင်​များ​ရှေ့​သို့ လည်း​ကောင်း ခေါ်​ဆောင်​လာ​ကြ​သော​အ​ခါ အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​မ​စိုး​ရိမ်​ကြ နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သို့ ရာ တွင် ဓ မ္မာ ရုံ အုပ် များ၊ အ ရာ ရှိ များ၊ အာ ဏာ ပိုင် များ ရှေ့ ဆွဲ ငင် ခံ ရ ကြ သည့် ကာ လ၊ မည် သည့် နည်း နှင့် မည် သည့် စ ကား ကို ထု ချေ ရ မည့်၊ မည် သို့ ဆင် ခြေ တက် ရ မည့် အ ကြောင်း မ စိုး ရိမ် ကြ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့​လည်းကောင်း၊ အုပ်ချုပ်​သူ​များ​နှင့် အာဏာပိုင်​များ​ရှေ့သို့​လည်းကောင်း ခေါ်ဆောင်​သွား​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ချေပ​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​အရာ​ကို ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:11
14 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ငါ​သည် ပရောဖက်များ၊ ပညာရှင်များ​နှင့် ကျမ်းတတ်ဆရာများ​ကို သင်တို့​ထံ စေလွှတ်မည်။ သို့သော် သင်တို့​သည် တချို့​ကို လက်ဝါးကပ်တိုင်​တွင် သတ်ကြ​လိမ့်မည်။ တချို့​ကို ဝတ်ပြုဆောင်များ​တွင် ရိုက်​၍ တစ်မြို့​ပြီး​တစ်မြို့ လိုက်လံ​ဖမ်းဆီးကြ​လိမ့်မည်။


ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားသောက်ရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်​သည် အစာ​ထက်​မြတ်သည် မဟုတ်လော။ ကိုယ်​ခန္ဓာ​သည် အဝတ်​ထက်​မြတ်သည် မဟုတ်လော။


မည်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​၏ အသက်​ကို အချိန်​တစ်ခဏ​ရှည်စေနိုင်သနည်း။


သင်တို့​သည် အဘယ်ကြောင့် အဝတ်​အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်​၌​ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွား​ရှင်သန်သည်​ကို ကြည့်လော့။ ထို​အပင်တို့​သည် ပင်ပန်းကြီးစွာ အလုပ်​မလုပ်။ ချည်​လည်း မငင်။


ထို့ကြောင့် မည်သည့်​အရာ​ကို စားသောက်ရမည်နည်း၊ မည်သည့်​အရာ​ကို ဝတ်ဆင်ရမည်နည်း​ဟု ဆို​လျက် မစိုးရိမ်ကြနှင့်။


ထို့ကြောင့် မနက်ဖြန်​အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်​နှင့် သက်ဆိုင်သော​စိုးရိမ်စရာ​သည် မနက်ဖြန်​၌​သာ ရှိ၏။ ယနေ့​ကြုံတွေ့ရသော​ဒုက္ခပြဿနာ​သည် ယနေ့​အတွက် တော်လောက်ပေ၏။


ထို့နောက် တပည့်တော်တို့​အား “ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ