Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 20:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 လူသား​ကို လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံ​၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း စသည်တို့​ကို​ပြု​စေ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သ ရော် ရိုက် နှက်၍ ကား တင် စေ ရန် လူ မျိုး ခြား တို့ အား အပ် လိုက် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် သော နေ့၌ ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ပြောင်လှောင်​ခြင်း၊ ဒဏ်ခတ်​ရိုက်နှက်​ခြင်း​နှင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း စ​သည်​တို့​ကို​ပြု​စေရန် သူ့​ကို လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:19
30 ပူးပေါင်းရင်းမြစ်များ  

ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။


ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့​သည် အလွန်​ဝမ်းနည်းကြ၏။


ထိုအခါ ပိလတ်မင်း​သည် ဗာရဗ္ဗ​ကို လွှတ်ပေးလေ၏။ ယေရှု​ကို​မူ ကျာပွတ်​ဖြင့် ရိုက်နှက်စေ​ပြီး လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရောမစစ်သားများ​ထံသို့ အပ်လိုက်၏။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


ထို့နောက် လူတချို့​သည် ယေရှု​ကို တံတွေး​နှင့် ထွေးကြ၏။ မျက်နှာတော်​ကို ဖုံးအုပ်ပြီး​လျှင် ကိုယ်တော်​ကို လက်သီး​ဖြင့် ထိုးနှက်​၍ “ပရောဖက်ပြု​၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့​ကလည်း ယေရှု​၏​ပါးတော်​ကို ရိုက်ပုတ်ကြ၏။


နံနက်​စောစောအချိန်​တွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ​နှင့် တရားလွှတ်တော်​မှ အဖွဲ့ဝင်များ​အားလုံး​နှင့်အတူ တွေ့ဆုံ​၍ ရှေ့ဆက်​လုပ်ဆောင်​ရမည့် ကိစ္စ​အတွက် တိုင်ပင်​ဆွေးနွေးကြ၏။ ထို့နောက် ယေရှု​ကို ချည်နှောင်​၍ ရောမ​ဘုရင်ခံ​ပိလတ်မင်း​ထံသို့ ခေါ်ဆောင်သွားကြ၏။


ထိုအခါ ပိလတ်မင်း​သည် လူထု​ကို စိတ်ကျေနပ်​စေရန် ဗာရဗ္ဗ​ကို လွှတ်ပေးလေ၏။ ယေရှု​ကို​မူ ကျာပွတ်​ဖြင့် ရိုက်နှက်စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရောမစစ်သားများ​ထံသို့ အပ်လိုက်၏။


လူသား​သည် လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံခြင်းခံရ​၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေး​နှင့်​ထွေးခြင်း​တို့​ကို ခံရ​လိမ့်မည်။


ဟေရုဒ်​နှင့် သူ​၏​စစ်သည်တော်များ​ကလည်း ကိုယ်တော်​ကို မထီလေးစား​ဆက်ဆံ​၍ ပြက်ရယ်ပြု​ကာ အလွန်​တင့်တယ်သော​ဝတ်ရုံ​ကို ဝတ်စေ​လျက် ပိလတ်မင်း​ထံသို့ ပြန်ပို့လိုက်၏။


ယေရှု​က “ကျမ်းစာတော်​တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်​သည် အသေခံ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူမည်။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


ကျွန်ုပ်တို့​ထံ လာရောက်​လည်ပတ်၏။ ထို​သူ​သည် ပေါလု​၏​ခါးပတ်​ကို​ယူ​၍ မိမိ​လက်​နှင့် ခြေ​ကို တုပ်နှောင်ပြီး​မှ “သန့်ရှင်းသော​ဝိညာဉ်တော်​က ‘ဂျူးတို့​သည် ဤ​ခါးပတ်​ပိုင်ရှင်​ကို ဂျေရုဆလင်မြို့​၌ ဤကဲ့သို့​ချုပ်နှောင်​၍ လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံကြ​လိမ့်မည်’ ဟု မိန့်တော်မူသည်” ဟူ၍ ပြောလေ၏။


ဤ​မြို့​၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်း​နှင့်တကွ လူမျိုးခြားများ​နှင့် အစ္စရေးလူမျိုးတို့​သည် အရှင်​ဘိသိက်ပေးတော်မူသော​သူ၊ အရှင်​၏​သန့်ရှင်းတော်မူသော​အစေခံ​ယေရှု​ကို အတူတကွ​စုရုံး​လျက် ဧကန်အမှန် ဆန့်ကျင်ဘက်​ပြုခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ