ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အသိပညာဖွင့်သောသော့ကို ယူထား၍ ကိုယ်တိုင်မဝင်သည့်အပြင် ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။
ဗျာဒိတ် 22:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမဆို ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်ထဲမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဤစာစောင်၌ ဖော်ပြထားသော အသက်ပင်၏ အသီးကို စားခွင့်နှင့် သန့်ရှင်းသောမြို့တော်သို့ ဝင်ခွင့်ကို ဘုရားသခင်သည် ထိုသူတို့ထံမှ နုတ်ပယ်တော်မူလိမ့်မည်။ Common Language Bible မည်သူမဆိုဤကျမ်းစောင်ပါပရောဖက် စကားများမှတစ်စုံတစ်ရာကိုနုတ်ပယ်ပါက ထိုသူထံမှဘုရားသခင်သည် ဤကျမ်းစောင်၌ ဖော်ပြသောအသက်ပင်၏အသီးကိုစားသုံးခွင့် နှင့် မြင့်မြတ်သန့်ရှင်းသောမြို့တော်သို့ဝင်စားခွင့် ကိုနုတ်ပယ်တော်မူလိမ့်မည်။ Garrad Bible ဤ ပ ရော ဖက် ကျမ်း ချက် များ မှ မည် သူ မ ဆို နုတ် ပယ် လျှင် ဤ ကျမ်း ပါ အ သက် ပင် နှင့် သန့် ရှင်း သော မြို့ တော် တွင် ထို သူ့ ဝေ ပုံ ကို ဘု ရား သ ခင် နုတ် ပယ် တော် မူ လိမ့် မည်။ Judson Bible အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကား အချို့ကိုနုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နုတ်ပယ်တော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို ဤပရောဖက်ပြုဟောပြောသောစာစောင်ထဲမှ စကားလုံးများကိုနုတ်ပယ်လျှင် ဤစာစောင်၌ရေးထားသောအသက်ပင်မှလည်းကောင်း၊ သန့်ရှင်းသောမြို့တော်မှလည်းကောင်း ထိုသူရမည့်ဝေစုကို ဘုရားသခင်သည်နုတ်ပယ်တော်မူလိမ့်မည်။ |
ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အသိပညာဖွင့်သောသော့ကို ယူထား၍ ကိုယ်တိုင်မဝင်သည့်အပြင် ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။
ဤပရောဖက်ပြုဟောပြောချက်သည် ဖြစ်ပျက်ရန် အချိန်နီးလာသောကြောင့် ၎င်းကို ဖတ်သောသူနှင့် ကြားနာ၍ လိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။
ဗိမာန်တော်၏ အပြင်ဘက်ရင်ပြင်ကို မတိုင်းနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို လူမျိုးခြားတို့အား ပေးထားသောကြောင့်ဖြစ်၏။ သူတို့သည် သန့်ရှင်းသောမြို့ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းခြေကြလိမ့်မည်။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။
ငါသည် ငါ့ခမည်းတော်ထံမှ အခွင့်အာဏာကို ရရှိထားသည်ဖြစ်၍ ငါ၏ပညတ်တို့ကို အဆုံးတိုင်အောင် နာခံလျက် အောင်မြင်သောသူအား လူမျိုးအပေါင်းတို့အပေါ် အုပ်စိုးရသောအခွင့်ကို ငါပေးမည်။ သူသည် သံလှံတံဖြင့် ထိုသူတို့ကို အုပ်စိုး၍ မြေအိုးကို အပိုင်းပိုင်းခွဲသကဲ့သို့ ရိုက်ခွဲလိမ့်မည်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။
ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသောအရှင်က “ငါသည် အရာအားလုံးကို အသစ်ဖြစ်စေ၏” ဟု မိန့်တော်မူပြီးနောက် “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်သောကြောင့် ရေးထားလော့” ဟူ၍လည်း မိန့်တော်မူ၏။
ယေရှုက “ကြည့်လော့။ ငါသည် မကြာမီလာမည်။ ငါသည် ဆုလာဘ်နှင့် ပြစ်ဒဏ်ကို ယူဆောင်လာပြီး လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ငါပေးဆပ်မည်။
မြို့၏ လမ်းမကြီးအလယ်သို့ စီးဆင်း၏။ မြစ်တစ်ဖက်တစ်ချက်၌ အသီးဆယ့်နှစ်မျိုးဖြင့် လစဉ်အသီးသီးသော အသက်ပင်ရှိ၏။ ထိုအပင်၏ အရွက်တို့မှာ လူအပေါင်းတို့၏ အနာရောဂါများကို ကျန်းမာစေရန်အတွက်ဖြစ်၏။
ယေရှုက “ကြည့်ရှုလော့။ ငါသည် မကြာမီလာမည်။ ဤစာစောင်၌ ရေးထားသော ပရောဖက်ပြုဟောပြောချက်များကို လိုက်နာသောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။