သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ဗျာဒိတ် 14:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကောင်းကင်တမန်က “တရားစီရင်တော်မူမည့် အချိန် ရောက်လာပြီဖြစ်သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့၍ ဘုန်းတော်ကို ချီးမွမ်းကြလော့။ ကောင်းကင်နှင့် မြေကြီးကိုလည်းကောင်း ပင်လယ်နှင့် စမ်းရေတွင်းတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူသည့် အရှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်စွာ ကြွေးကြော်လေ၏။ Common Language Bible ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။ Judson Bible ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုကောင်းကင်တမန်က “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ |
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
လူမျိုးခြားဖြစ်သော ဤလူတစ်ဦးမှအပ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ချီးမွမ်းရန် ပြန်လာသောသူ တစ်ယောက်မျှ မရှိကြသလော” ဟု မေးတော်မူပြီးမှ
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
ထိုအချိန်တွင် အလွန်ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုကျသွား၏။ ထိုငလျင်ဒဏ်ကြောင့် လူခုနစ်ထောင် သေဆုံး၍ အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြ၏။
လူမျိုးတို့သည် အမျက်ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်၏အမျက်ထွက်ချိန် ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်ရသောအချိန် ရောက်လာပြီ။ ကိုယ်တော်၏အစေခံဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့အား ဆုလာဘ်ကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ဆိုကြ၏။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။
လူတို့သည် ပြင်းထန်သော အပူရှိန်ကြောင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ဤဘေးဒဏ်များကျရောက်စေရန် အခွင့်အာဏာရှိသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုလည်း မချီးမွမ်းကြ။
သူတို့သည် သူခံရသောညှဉ်းဆဲမှုကို ကြောက်၍ အဝေးမှ ရပ်လျက် “အလိုလေး… ကြီးမြတ်သောဘေဘီလုံ… တန်ခိုးကြီးသောမြို့… ဖြစ်ရလေချင်း။ သင်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် တစ်ခဏချင်း၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြလိမ့်မည်။
ဤမျှလောက် ကြွယ်ဝသော သင်၏ စည်းစိမ်တို့သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ကုန်သင်္ဘောမှ ရေယာဉ်မှူးများ၊ ခရီးသည်များ၊ သင်္ဘောသားများနှင့် ပင်လယ်ကုန်သည်အပေါင်းတို့သည် အဝေးတွင်ရပ်လျက်
သူတို့သည် ဖုန်မှုန့်များကို မိမိတို့၏ ခေါင်းပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ၏စည်းစိမ်ဥစ္စာများကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။
ထိုအခါ ရာဇပလ္လင်တော်မှ ထွက်ပေါ်လာသောအသံမှာ “ကျွန်ုပ်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့် ရှိသမျှလူအပေါင်းတို့… ကျွန်ုပ်တို့၏ ဘုရားသခင်ကို ချီးမွမ်းကြလော့” ဟူ၍ ဖြစ်၏။
“အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား… ကိုယ်တော်သည် အရာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်တည်လာသောကြောင့် ကိုယ်တော်သည် ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ထိုက်တန်တော်မူ၏” ဟု ကြွေးကြော်ကြ၏။
အစဉ်ထာဝရအသက်ရှင်တော်မူပြီး ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏ ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ကျေးဇူးတော်တို့ကို ဤသတ္တဝါတို့က ချီးမွမ်းကြ၏။ ထိုသို့ချီးမွမ်းကြသည့်အခါတိုင်း
တတိယကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ မီးတုတ်ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှ ကြွေကျ၍ မြစ်သုံးပုံတစ်ပုံနှင့် စမ်းရေတွင်းများပေါ်သို့ ကျလေ၏။