တိတု 3:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းတတ်ပညာရှင် ဇေနနှင့် အာပေါလုတို့ကို အတတ်နိုင်ဆုံးကူညီ၍ လမ်းခရီးတွင် သူတို့လိုအပ်သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးလော့။ Common Language Bible ရှေ့နေဖြစ်သူဇေနနှင့်အာပေါလုတို့ခရီးပြု နိုင်ရန်အတွက်အစွမ်းကုန်ကူညီဆောင်ရွက် ပေးလော့။ သူတို့တွင်လိုလေသေးမရှိရ အောင်လည်းကူညီလိုက်ပါ။- Garrad Bible ကျမ်း တတ် ဆ ရာ ဇေ န နှင့် အာ ပေါ လု တို့၌ မည် သည် မျှ မ လို ရ အောင် ကြိုး စား၍ ပို့ လိုက် လော။ Judson Bible ကျမ်းဆရာဇေနနှင့်အာပေါလု၌ အဘယ်အရာမျှမလိုစေခြင်းငှာ ကြိုးစား၍လမ်း၌ပို့လော့။- မြန်မာ့စံမီသမ္မာကျမ်း ကျမ်းတတ်ပုဂ္ဂိုလ်ဇေနနှင့်အာပေါလုတို့ကို သူတို့အတွက် လိုလေသေးမရှိရအောင် သေချာစွာပို့ဆောင်ပေးလော့။ |
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ကျမ်းတတ်ပညာရှင်တစ်ဦးက “ဆရာတော်… ဤအရာများကို ဆရာဟောပြောသောအခါ ကျွန်ုပ်တို့ကိုပင် စော်ကားရာရောက်ပါ၏” ဟု လျှောက်လေ၏။
ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အသိပညာဖွင့်သောသော့ကို ယူထား၍ ကိုယ်တိုင်မဝင်သည့်အပြင် ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။
ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်များအား “ဥပုသ်နေ့၌ လူနာတစ်ဦးကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။
သို့သော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်တို့သည် မိမိတို့ကိုယ်ကျိုးအတွက် ဘုရားသခင်၏ အကြံအစည်တော်ကို ငြင်းပယ်၍ ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာကို မခံယူကြပေ။
ထို့နောက် အသင်းသားများသည် ထိုသူတို့ကို မြို့ပြင်ထိ လိုက်ပို့ကြ၏။ ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည်ကို ဖြတ်သွားစဉ် လူမျိုးခြားများ၏ပြောင်းလဲခြင်းအကြောင်းကို ပြန်ပြောပြကြသဖြင့် ယုံကြည်သူများသည်လည်း အလွန်ဝမ်းမြောက်ကြ၏။
ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
ခုနစ်ရက်ပြည့်သောအခါ ကျွန်ုပ်တို့သည် ခရီးဆက်ကြ၏။ တပည့်တော်အားလုံးတို့သည် ဇနီး၊ သားသမီးများနှင့်အတူ ကျွန်ုပ်တို့ကို မြို့ပြင်ထိလိုက်ပို့ကြ၏။ ကမ်းခြေသို့ရောက်သောအခါ ကျွန်ုပ်တို့သည် ဒူးထောက်၍ ဆုတောင်းကြ၏။
ထိုသူတို့သည် ကျွန်ုပ်တို့အား လက်ဆောင်များပေးကြ၏။ ထို့နောက် ကျွန်ုပ်တို့ထွက်ခွာမည့် အချိန်ရောက်သောအခါ၌လည်း သူတို့သည် ကျွန်ုပ်တို့လိုအပ်သည့်ရိက္ခာများကို သင်္ဘောပေါ်သို့ တင်ပေးလိုက်ကြ၏။
စပိန်ပြည်သို့ ကျွန်ုပ်သွားသောအခါ သင်တို့ထံ ဝင်ရောက်တွေ့ဆုံမည်ဟု စီစဉ်ထား၏။ သင်တို့ထံ ဝမ်းမြောက်စွာ ခေတ္တတည်းခိုနေထိုင်ပြီးနောက် ခရီးဆက်နိုင်ရန်အတွက်လည်း သင်တို့ ကူညီမည်ဟု မျှော်လင့်ပါ၏။
မည်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ကျွန်ုပ်ထံသို့ စိတ်ချမ်းသာစွာ ပြန်လာနိုင်ရန် သင်တို့ကူညီပေးကြလော့။ ကျွန်ုပ်သည်လည်း သူ့ကို ယုံကြည်သူများနှင့်အတူ ရောက်လာမည်ကို စောင့်နေလျက်ရှိ၏။
ယခု ကျွန်ုပ်ညီ အာပေါလုနှင့် ပတ်သက်၍ဆိုရလျှင် ကျွန်ုပ်သည် သူ့ကို အခြားယုံကြည်သူများနှင့်အတူ သင်တို့ထံသို့ အလည်လာရန် အလေးအနက်တိုက်တွန်းခဲ့၏။ သို့သော်လည်း သူသည် ယခု လာရန် ဆန္ဒမရှိ။ အခွင့်ကြုံသောအခါ သူလာရောက်လည်ပတ်ပါလိမ့်မည်။