Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 မည်သူမျှ သူ့​ကို မထီမဲ့မြင်​မပြုစေနှင့်။ သူ​သည် ကျွန်ုပ်​ထံသို့ စိတ်ချမ်းသာ​စွာ ပြန်လာ​နိုင်ရန် သင်တို့​ကူညီပေးကြလော့။ ကျွန်ုပ်​သည်လည်း သူ့​ကို ယုံကြည်သူများ​နှင့်အတူ ရောက်လာမည်​ကို စောင့်နေ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သူ့​ကို​အ​ဘယ်​သူ​မျှ​မ​လေး​မ​စား​မ​ပြု​စေ​နှင့်။ ငါ​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​နှင့်​အ​တူ​သူ့ ကို​စောင့်​မျှော်​လျက်​ရှိ​သ​ဖြင့် သူ့​အား​ငါ့​ထံ​သို့ ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​စေ​ရန်​ကူ​ညီ ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​ကြောင့် အ​ဘယ်​သူ​မျှ သူ့​ကို မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ သူ​သည် ငါ့​ထံ​သို့​ငြိမ်​ဝပ်​စွာ ပြန်​ရ​မည်​အ​ကြောင်း ပို့​ဆောင်​ခြင်း ကျေး​ဇူး​ကို ပြု​ကြ​လော့။ သူ​သည် အ​ခြား​သော ညီ​အစ်​ကို​တို့​နှင့်​အ​တူ လာ​လိမ့်​မည်​ဟု ငါ​မျှော်​လ​င့်​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် မည်သူ​မျှ သူ့​ကို​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ ငါ​သည် ညီအစ်ကို​များ​နှင့်အတူ သူ​ရောက်လာ​မည်​ကို စောင့်​နေ​သည်​ဖြစ်၍ သူ​သည် ငါ့​ထံသို့​ပြန်လာ​နိုင်​ရန် သူ့​ကို ငြိမ်းချမ်း​စွာ​ပို့ဆောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:11
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်တို့​အား “သင်တို့​၏​စကား​ကို နားထောင်သော​သူ​သည် ငါ့​စကား​ကို နားထောင်၏။ သင်တို့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို ငြင်းပယ်၏။ ငါ့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။


ထို့နောက် အသင်းသားများ​သည် ထို​သူတို့​ကို မြို့ပြင်​ထိ လိုက်ပို့ကြ၏။ ပေါလု​နှင့် ဗာနဗ​တို့​သည် ဖိုနီးရှားပြည်​နှင့် ရှမာရိပြည်​ကို ဖြတ်သွား​စဉ် လူမျိုးခြားများ​၏​ပြောင်းလဲခြင်း​အကြောင်း​ကို ပြန်ပြောပြကြ​သဖြင့် ယုံကြည်သူများ​သည်လည်း အလွန်​ဝမ်းမြောက်ကြ၏။


ထို​သူတို့​သည် အချိန်​အတန်ကြာ​နေ​ပြီးနောက် ယုံကြည်သူတို့​က ဂျေရုဆလင်မြို့​ရှိ​တမန်တော်များ​ထံ ငြိမ်းချမ်း​စွာ​ပြန်​ရန် လွှတ်လိုက်ကြ၏။


သင်တို့​ထံ တိမောသေ ရောက်လာ​လျှင် သူ့​ကို မစိုးထိတ်စေနှင့်။ သူ​သည် ကျွန်ုပ်​ကဲ့သို့ သခင်ဘုရား​၏ အမှုတော်​ကို ဆောင်ရွက်နေသူ​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​နှင့်အတူ အတန်ကြာ နေကောင်းနေ​လိမ့်မည်။ ဆောင်းရာသီ​ကာလပတ်လုံး နေ​ရန်ပင် ဖြစ်နိုင်၏။ ထို့နောက်​တွင်မူ ကျွန်ုပ် သွားရမည့် အရပ်​သို့ သွား​နိုင်ရန် သင်တို့​ကူညီ​နိုင်ကြ​လိမ့်မည်​ဟု မျှော်လင့်၏။


မာကေဒေါနိပြည်​သို့ အသွား​၌ ဦးစွာ တစ်ကြိမ်၊ အပြန်​၌ တစ်ကြိမ် ဝင်ရောက်​လည်ပတ်​ပြီးနောက် သင်တို့​၏​အကူအညီ​ဖြင့် ယုဒပြည်​သို့ သွား​ရန် စီစဉ်ထား၏။


ထို့ကြောင့် ဤ​ညွှန်ကြားချက်များ​ကို ငြင်းပယ်သော သူတို့​သည် လူ​ကို ငြင်းပယ်သည်​မဟုတ်ဘဲ သင်တို့​အတွက် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ပေးတော်မူသော ဘုရားသခင်​ကို ငြင်းပယ်၏။


သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ထို​သူတို့​သည် သင်​၏​ချစ်ခြင်းမေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့၌ သက်သေခံကြ၏။ သင်​သည် ထို​သူတို့​ကို ဘုရားသခင်​၏ အလိုတော်​နှင့်အညီ ခရီးဆက်​နိုင်ကြ​စေရန် ကူညီ​လျှင် ကောင်းမှုပြုခြင်း ဖြစ်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ