Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 စပိန်ပြည်​သို့ ကျွန်ုပ်​သွား​သောအခါ သင်တို့​ထံ ဝင်ရောက်​တွေ့ဆုံမည်​ဟု စီစဉ်ထား၏။ သင်တို့​ထံ ဝမ်းမြောက်​စွာ ခေတ္တ​တည်းခိုနေထိုင်​ပြီးနောက် ခရီးဆက်​နိုင်ရန်​အတွက်​လည်း သင်တို့ ကူညီမည်​ဟု မျှော်လင့်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ယ​ခု​သင်​တို့​ထံ​သို့​လာ​ရောက်​နိုင်​မည်​ဟု​မျှော်​လင့် ပါ​၏။ ငါ​သည်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​သင်​တို့ ထံ​သို့​ဝင်​ရောက်​လည်​ပတ်​ရန်​အ​ကြံ​ရှိ​ပါ​၏။ သင် တို့​ထံ​တွင်​ခေတ္တ​မျှ​တည်း​ခို​လည်​ပတ်​ပြီး​နောက် စ​ပိန်​ပြည်​သို့​ဆက်​လက်​ခ​ရီး​ပြု​နိုင်​ရန်​ငါ့​အား ကူ​ညီ​မ​စ​ကြ​စေ​လို​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 စ ပိန် ပြည် သို့ သွား ဖြစ် လျှင် သင် တို့ ကို တွေ့ မြင်၍ အာ ရုံ ဖြေ ပြီး မှ အ ပို့ အ ဆောင် ခံ မည် ဟု မျှော် လင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 စ​ပါ​နိ​ပြည်​သို့​ငါ​သွား​သော​အ​ခါ၊ လမ်း​ခ​ရီး၌ သင်​တို့​ကို တွေ့​မြင်၍ သင်​တို့​နှင့်​အ​တူ​ပေါင်း​ဖော်​လျက် အ​တန်​အ​ရာ အ​လို​ပြည့်​စုံ​ပြီး​မှ၊ ထို​ပြည်​သို့ သင်​တို့ ပို့​ဆောင်​ခြင်း​ကျေး​ဇူး​ကို​ခံ​မည်​ဟု မျှော်​လင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 စပိန်​ပြည်​သို့ ငါ​သွား​သောအခါ သင်​တို့​ကို လမ်းကြုံ​ဝင်​တွေ့​၍ အတော်အတန်​အလိုဆန္ဒ​ပြည့်စုံ​အောင် သင်​တို့​နှင့်အတူ​နေ​ပြီးမှ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်လင့်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:24
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အသင်းသားများ​သည် ထို​သူတို့​ကို မြို့ပြင်​ထိ လိုက်ပို့ကြ၏။ ပေါလု​နှင့် ဗာနဗ​တို့​သည် ဖိုနီးရှားပြည်​နှင့် ရှမာရိပြည်​ကို ဖြတ်သွား​စဉ် လူမျိုးခြားများ​၏​ပြောင်းလဲခြင်း​အကြောင်း​ကို ပြန်ပြောပြကြ​သဖြင့် ယုံကြည်သူများ​သည်လည်း အလွန်​ဝမ်းမြောက်ကြ၏။


ဤအရာများ ဖြစ်ပျက်​ပြီးနောက် ပေါလု​သည် ဝိညာဉ်တော်​အားဖြင့် မာကေဒေါနိပြည်​နှင့် အခါယပြည်​တစ်လျှောက်​သွား​ပြီးလျှင် ဂျေရုဆလင်မြို့​သို့ သွား​ရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလု​က “ထို​မြို့​သို့​သွားပြီး​လျှင် ငါ​သည် ရောမမြို့​သို့​လည်း သွားရမည်” ဟု ပြောလေ၏။


ခုနစ်ရက်​ပြည့်​သောအခါ ကျွန်ုပ်တို့​သည် ခရီးဆက်ကြ၏။ တပည့်တော်​အားလုံးတို့​သည် ဇနီး၊ သားသမီးများ​နှင့်အတူ ကျွန်ုပ်တို့​ကို မြို့ပြင်​ထိ​လိုက်ပို့ကြ၏။ ကမ်းခြေ​သို့​ရောက်​သောအခါ ကျွန်ုပ်တို့​သည် ဒူးထောက်​၍ ဆုတောင်းကြ၏။


ထိုသို့ တွေ့ဆုံကြ​သောအခါ ကျွန်ုပ်​နှင့် သင်တို့​သည် နှစ်ဦး​နှစ်ဖက်လုံး​၌​ရှိသော ယုံကြည်ခြင်း​ကို ဝေမျှ​၍ အပြန်အလှန်​အားပေး​နိုင်မည်​ဖြစ်၏။


ဤ​အမှုကိစ္စ​ကို ဆောင်ရွက်​ပြီးစီး​၍ ဤ​အလှူ​ကို ထို​သူတို့​လက်​ထဲ ပေးအပ်​ပြီးနောက် သင်တို့​ထံ ဝင်ရောက်​လည်ပတ်​ကာ စပိန်ပြည်​သို့ ကျွန်ုပ်​သွားမည်။


မာကေဒေါနိပြည်​သို့ အသွား​၌ ဦးစွာ တစ်ကြိမ်၊ အပြန်​၌ တစ်ကြိမ် ဝင်ရောက်​လည်ပတ်​ပြီးနောက် သင်တို့​၏​အကူအညီ​ဖြင့် ယုဒပြည်​သို့ သွား​ရန် စီစဉ်ထား၏။


ထို​သူတို့​သည် သင်​၏​ချစ်ခြင်းမေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့၌ သက်သေခံကြ၏။ သင်​သည် ထို​သူတို့​ကို ဘုရားသခင်​၏ အလိုတော်​နှင့်အညီ ခရီးဆက်​နိုင်ကြ​စေရန် ကူညီ​လျှင် ကောင်းမှုပြုခြင်း ဖြစ်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ