ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။
တမန်တော်ဝတ္ထု 9:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။ Common Language Bible ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ နာ မ အ တွက် ခံ ရ သ မျှ သော ဆင်း ရဲ ဒု က္ခ ကို သူ့ အား ငါ ပြ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။ |
ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။
ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ကျွန်ုပ်တို့ထံ လာရောက်လည်ပတ်၏။ ထိုသူသည် ပေါလု၏ခါးပတ်ကိုယူ၍ မိမိလက်နှင့် ခြေကို တုပ်နှောင်ပြီးမှ “သန့်ရှင်းသောဝိညာဉ်တော်က ‘ဂျူးတို့သည် ဤခါးပတ်ပိုင်ရှင်ကို ဂျေရုဆလင်မြို့၌ ဤကဲ့သို့ချုပ်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်’ ဟု မိန့်တော်မူသည်” ဟူ၍ ပြောလေ၏။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။
ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။
ဤဒေသတွင်လည်း သူသည် သခင်ဘုရား၏အမည်နာမတော်ကို အမှီပြုဆုတောင်းသောသူရှိသမျှတို့ကို ဖမ်းဆီးချုပ်နှောင်ရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံမှ အခွင့်အာဏာရရှိထားပါ၏” ဟု လျှောက်လေ၏။
သို့သော်လည်း ထ၍ မြို့ထဲသို့ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို ပြောပြလိမ့်မည်” ဟု တုံ့ပြန်တော်မူ၏။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
ထို့ပြင် ဤဆင်းရဲဒုက္ခများကြောင့် သင်တို့တစ်ဦးတစ်ယောက်မျှ ယိမ်းယိုင်မသွားစေရန် ဖြစ်၏။ ထိုဆင်းရဲဒုက္ခများ တွေ့ကြုံရခြင်းသည် ဘုရားသခင်၏ အလိုတော်အရဖြစ်ကြောင်း သင်တို့သိကြ၏။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။