ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
တမန်တော်ဝတ္ထု 2:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ပရောဖက်တစ်ပါးဖြစ်၍ ဘုရားသခင်သည် သူ၏မျိုးဆက်များထဲမှ တစ်ဦးကို သူ၏ရာဇပလ္လင်ပေါ်တွင် ထိုင်စေလိမ့်မည်ဟု သစ္စာနှင့် ကျိန်ဆိုတော်မူသည်ကို သိခဲ့ပြီးဖြစ်၏။ Common Language Bible သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။- Garrad Bible သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊ Judson Bible ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဉာဏ်အားဖြင့်သိ၍၊- မြန်မာ့စံမီသမ္မာကျမ်း သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။ |
ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ထို့နောက် သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို မဲနှိုက်၍ ခွဲဝေကြ၏။
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ဘုရားသခင်၏သားတော်အကြောင်း ဖြစ်၏။ ထိုသားတော်သည် လူသားအဖြစ် ဒါဝိဒ်မင်း၏မျိုးနွယ်မှ မွေးဖွားလာတော်မူခဲ့၏။
ပရောဖက်ဟေရှာယကလည်း “ဒါဝိဒ်၏ ရာဇပလ္လင်မှ အမွေခံတစ်ဦး ပေါ်လာလိမ့်မည်။ ထိုသူသည် လူမျိုးခြားအပေါင်းတို့ကို အုပ်ချုပ်လိမ့်မည်။ လူမျိုးခြားတို့သည် သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မည်” ဟု ဆိုထား၏။
ကျွန်ုပ်ဟောပြောသည့် သတင်းကောင်းအတိုင်း ဒါဝိဒ်မင်း၏မျိုးနွယ်မှ ဆင်းသက်လာပြီး သေခြင်းမှထမြောက်တော်မူသောယေရှုခရစ်တော်ကို သတိရလော့။
ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင်
ထို့ကြောင့် ဘုရားသခင်သည် စံမြန်းနားခိုရာသို့ ဝင်ခွင့်ပေးရန်အတွက် နေ့တစ်နေ့အား “ယနေ့” ဟု ပြန်လည်သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျမ်းစာ၌ ဖော်ပြခဲ့သည့် အတိုင်း ဘုရားသခင်သည် ဒါဝိဒ်မင်းမှတစ်ဆင့် မိန့်တော်မူသည်မှာ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့သည် ခေါင်းမမာကြနှင့်” ဟူ၍ဖြစ်၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကတိထားတော်မူသောအရာကို ရရှိမည့်သူများအား ဖော်ပြရန် သစ္စာဆို၍ အာမခံတော်မူ၏။
ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။