Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 2:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်​သောကြောင့် သူ့​သား​မြေး​ထဲမှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်တွင်​ထိုင်​စေ​မည်​ဟု ဘုရားသခင်​သည် သူ့​အား​ကတိ​သစ္စာ​ဖြင့်​တိုင်တည်​၍ မိန့်​တော်မူ​ကြောင်း​သိ​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​မိ​မိ​၏​သား​မြေး တစ်​ဦး​ကို ရှင်​ဘု​ရင်​အ​ဖြစ်​ခန့်​တော်​မူ​မည် ဟု ဘု​ရား​သ​ခင်​ဋ္ဌိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​ခဲ့ ကြောင်း​ကို​သိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​သူ​သည် မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​က လူ​ဇာ​တိ​အား​ဖြင့် ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ၍ မိ​မိ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​မည်​အ​ကြောင်း ဓိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​သည်​ကို ပ​ရော​ဖက်​ဉာဏ်​အား​ဖြင့်​သိ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်​၍ ဘုရားသခင်​သည် သူ​၏​မျိုးဆက်များ​ထဲ​မှ တစ်ဦး​ကို သူ​၏​ရာဇပလ္လင်​ပေါ်​တွင် ထိုင်စေ​လိမ့်မည်​ဟု သစ္စာ​နှင့် ကျိန်ဆိုတော်မူသည်​ကို သိခဲ့ပြီး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 2:30
37 ပူးပေါင်းရင်းမြစ်များ  

“​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အားဖြင့် မြွက်ဆို​တော်မူ​၏​။ စကား​တော်​သည် ငါ​၏​လျှာ​တွင် တည်​တော်မူ​၏​။


ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။


သူ​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​နှင့် သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည့် သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို​အစေခံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။”


ကိုယ်တော်​က​လည်း“သို့ဖြစ်လျှင် ဒါဝိဒ်​သည် သူ့​ကို ဝိညာဉ်​တော်​အားဖြင့် ‘သခင်’​ဟု ခေါ်​လျက်


ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။


ဒါဝိဒ်​ကိုယ်တိုင် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေဖဝါး​အောက်၌ ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’ဟူ၍ ဆိုထား​၏။


တစ်ဖန် ကိုယ်တော်​က“သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


“ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။


ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍


တစ်ဖန် ဟေရှာယ​က​လည်း “ယေရှဲ​၏​အမြစ်​ပေါက်​လိမ့်မည်။ ထို​သူ​သည် လူမျိုးခြား​တို့​ကို​အုပ်ချုပ်​ရန် ပေါ်ထွန်း​သော​သူ​ဖြစ်​၏။ လူမျိုးခြား​တို့​သည် သူ့​ကို​မျှော်လင့်​အားထား​ကြ​လိမ့်မည်”​ဟု ဆို​ထား​၏။


ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​အရ ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​ပေါ်ထွန်း​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော ယေရှု​ခရစ်တော်​ကို သတိရ​လော့။


ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။


ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင်


ထို့ကြောင့် ဘုရားသခင်​သည် နေ့​တစ်​နေ့​ကို “ယနေ့”​ဟူ၍ တစ်ဖန် ချမှတ်​တော်မူ​ပြီး နောင်​နှစ်​ပေါင်း​များစွာ​ကြာ​သောအခါ အထက်​က​ဖော်ပြ​ခဲ့​သည့်​အတိုင်း “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်”​ဟု ဒါဝိဒ်​အားဖြင့် မိန့်​တော်မူ​၏။


ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။


ကိုယ်တော်​မူကား “ ‘သင်​သည် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏’​ဟု ထာဝရ​ဘုရား​တိုင်တည်​၍​မိန့်​တော်မူ​သည်​ဖြစ်​သောကြောင့် စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်”​ဟူ၍ ကတိ​သစ္စာ​ပြု​လျက် ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​အားဖြင့် ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။


အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။


သူ​တို့​သည် သိုးသငယ်​တော်​နှင့်​စစ်တိုက်​ကြ​လိမ့်မည်။ သို့သော် သိုးသငယ်​တော်​သည် သူ​တို့​ကို​အနိုင်ရ​တော်မူ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် အရှင်​တကာ​တို့​၏​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်​ဖြစ်​တော်မူ​၏။ ကိုယ်တော်​နှင့်အတူ​ရှိ​သော​သူ​များ​သည်​လည်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ၊ ရွေးကောက်​ခံရ​သော​သူ​နှင့် သစ္စာ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏။


သူ​၏​ဝတ်ရုံ​နှင့်​ပေါင်​တို့​၌ “ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာမ​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ