တမန်တော်ဝတ္ထု 2:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း31 ဒါဝိဒ်မင်းသည် ဤအရာကို ကြိုတင်သိမြင်သဖြင့် ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ပတ်သက်၍ ‘သူ့ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်၊ ကိုယ်ခန္ဓာကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်’ ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible31 နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible31 ခ ရစ် တော်၏ ရှင် ပြန် ထ မြောက် တော် မူ ခြင်း ကို မျှော် မြင်၍ ကိုယ် တော် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ ကြောင်း ကို လည်း ကောင်း၊ ကိုယ် ခ န္ဓာ တော် လည်း ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မ မူ ကြောင်း ကို လည်း ကောင်း ဟော ပြေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဉာဏ်နှင့် ဟောလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။ အခန်းကိုကြည့်ပါ။ |
အို ကပေရနောင်မြို့… သင်သည် ကောင်းကင်တိုင်အောင် ချီးမြှောက်ခံရပါမည်လော။ မခံရပါ။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၌ ငါပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို ဆိုးသွမ်းသည့် သောဒုံမြို့တွင် ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ဆဲရှိမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။