တမန်တော်ဝတ္ထု 2:30 - Garrad Bible30 သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊ အခန်းကိုကြည့်ပါ။Common Language Bible30 သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။- အခန်းကိုကြည့်ပါ။Judson Bible30 ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဉာဏ်အားဖြင့်သိ၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း30 သူသည် ပရောဖက်တစ်ပါးဖြစ်၍ ဘုရားသခင်သည် သူ၏မျိုးဆက်များထဲမှ တစ်ဦးကို သူ၏ရာဇပလ္လင်ပေါ်တွင် ထိုင်စေလိမ့်မည်ဟု သစ္စာနှင့် ကျိန်ဆိုတော်မူသည်ကို သိခဲ့ပြီးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ခ ရစ် တော် ယေ ရှု၏ ကျွန် ပေါ လု က၊ ရုပ် ခ န္ဓာ အ လျောက် ဒါ ဝိဒ် မင်း မျိုး ဖြစ် တော် မူ ထ သော၊ သန့် ရှင်း သော နံ ခန္ဓာ အ လျောက် သေ ခြင်း မှ ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ဘု ရား သ ခင့် သား တော် အ ဖြစ် တန် ခိုး ကြီး စွာ ထင် ရှား တော် မူ ထ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တည်း ဟူ သော ထို သား တော့် အ ကြောင်း၊ ရော မ မြို့ တွင် ဘု ရား သ ခင် ချစ် လျက် သီး သန့် ခေါ် ထား တော် မူ သူ သင် တို့ ရှိ သ မျှ ထံ ရေး လိုက် သည် မှာ၊ ယေ ရှု ခ ရစ် ခေါ် ထား တော် မူ ခဲ့ ရာ သင် တို့ ပါ ဝင် သော လူ မျိုး ခြား ခပ် သိမ်း တို့ တွင် နာ မ တော် အ ဖို့ ယုံ ကြည်၍ လိုက် နာ စေ အံ့ သော ငှါ ထို အ ရှင် ကြောင့် တ မန် တော် ရာ ထူး နှင့် ကျေး ဇူး တော် ကို ငါ တို့ ခံ ရ ကြ သည် နှင့် အ ညီ ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။