ရှာလမိမြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်များတွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်မာကုသည်လည်း သူတို့၏လက်ထောက်အဖြစ် ပါရှိလေ၏။
တမန်တော်ဝတ္ထု 19:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။ Common Language Bible သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။ Garrad Bible လက် ထောက် များ အ နက် တိ မော သေ နှင့် ဧ ရ တ္တု နှစ် ပါး ကို မာ ကေ ဒေါ နိ ပြည် သို့ လွှတ် လိုက် ပြီး လျှင် အာ ရှိ ပြည် တွင်း ဆိုင်း လျက် နေ လေ၏။ Judson Bible မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် မိမိကိုကူညီဆောင်ရွက်ပေးသူများထဲမှ တိမောသေနှင့်ဧရတ္တုတို့နှစ်ဦးကို မာကေဒေါနိပြည်သို့စေလွှတ်၍ သူကိုယ်တိုင်သည် အာရှပြည်တွင် ခေတ္တနေခဲ့၏။ |
ရှာလမိမြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်များတွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်မာကုသည်လည်း သူတို့၏လက်ထောက်အဖြစ် ပါရှိလေ၏။
ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
ပေါလုသည် တိမောသေကို မိမိနှင့်အတူ လိုက်ပါစေလိုသဖြင့် သူတို့မထွက်ခွာမီ သူ့အား အရေပြားလှီးခြင်းမင်္ဂလာကို ပေးလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုနယ်ရှိ ဂျူးလူမျိုးများက သူ၏ဖခင်မှာ ဂရိလူမျိုးဖြစ်ကြောင်းကို သိကြသောကြောင့်ဖြစ်၏။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
ထိုသို့ နှစ်နှစ်တိုင်တိုင် ဆွေးနွေးပြောဆိုရာ အာရှပြည်တွင် နေထိုင်ကြသော ဂျူးလူမျိုးနှင့် ဂရိလူမျိုးများအားလုံးတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ကြားနာကြရ၏။
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။
ကျွန်ုပ်နှင့် လုပ်ဖော်ကိုင်ဖက်များ၏လိုအပ်သောအရာများအတွက် ကျွန်ုပ်ကိုယ်တိုင် အလုပ်လုပ်၍ ထောက်ပံ့နိုင်ခဲ့သည်ကို သင်တို့သိကြ၏။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
မာကေဒေါနိပြည်သို့ အသွား၌ ဦးစွာ တစ်ကြိမ်၊ အပြန်၌ တစ်ကြိမ် ဝင်ရောက်လည်ပတ်ပြီးနောက် သင်တို့၏အကူအညီဖြင့် ယုဒပြည်သို့ သွားရန် စီစဉ်ထား၏။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
သို့သော်လည်း ကျွန်ုပ်၏ညီ တိတု ရောက်မလာသေးသောကြောင့် ကျွန်ုပ်သည် စိတ်မသက်မသာဖြစ်ရ၏။ ထို့ကြောင့် ထိုသူတို့ကို နှုတ်ဆက်ပြီးလျှင် တိတုကို ရှာရန် မာကေဒေါနိပြည်သို့ ထွက်သွားရ၏။
ညီအစ်ကိုမောင်နှမတို့… မာကေဒေါနိပြည်ရှိ အသင်းတော်များအား ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ကျွန်ုပ်တို့သည် သင်တို့အား သိစေလို၏။
ထို့ပြင် ကျွန်ုပ်တို့ကောက်ခံဆောင်ရွက်နေသော အလှူငွေကို သယ်ယူပို့ဆောင်ပေးသည့်အမှု၌ ကျွန်ုပ်တို့နှင့်အတူ ခရီးပြုရန် အသင်းတော်များ၏ ရွေးချယ်ခန့်ထားခြင်းခံရသူလည်း ဖြစ်၏။ ဤအလှူငွေကောက်သည့်အမှုမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ကျွန်ုပ်တို့၏ စေတနာစိတ်ကို ပြရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။
ဧရတ္တုသည် ကောရိန္သုမြို့တွင် နေရစ်ခဲ့၏။ တရောဖိမ်မှာမူ နာမကျန်းဖြစ်သောကြောင့် မိလက်မြို့တွင် ကျွန်ုပ်ချန်ထားခဲ့ရ၏။