ထိုအချိန်တွင် ဟေရုဒ်မင်းသည် အသင်းတော်မှ လူတချို့ကို ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်လေ၏။
တမန်တော်ဝတ္ထု 11:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။ Common Language Bible ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။ Garrad Bible ဗာ န ဗ နှင့် ရှော လု တို့ လက် ဖြင့် ဥ က္က ဋ္ဌ တို့ ထံ ပို့ လိုက် ကြ ၏။ Judson Bible စီရင်ကြသည်နှင့်အညီ ဗာနဗနှင့် ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။ |
ထိုအချိန်တွင် ဟေရုဒ်မင်းသည် အသင်းတော်မှ လူတချို့ကို ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်လေ၏။
ထို့နောက် ဗာနဗနှင့် ရှောလုသည် ဆောင်ရွက်စရာအမှုများကို အပြီးသတ်ပြီးလျှင် ယောဟန်မာကုကို မိမိတို့နှင့်တကွ ခေါ်ခဲ့၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ထို့ကြောင့် ပေါလုနှင့် ဗာနဗသည် ထိုသူတို့နှင့် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများသည် ဤပြဿနာကို ဖြေရှင်းရန် ပေါလုနှင့် ဗာနဗတို့အား သူတို့အထဲမှလူအချို့နှင့်တကွ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသင်းတော်အကြီးအကဲများထံ သွားရန် ဆုံးဖြတ်ကြ၏။
ထိုသူတို့နှင့်အတူ ပေးလိုက်သောစာတွင် သင်တို့၏ညီအစ်ကိုများဖြစ်သည့် တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားယုံကြည်သူများအား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအမှုကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ရန် စည်းဝေးကြ၏။
ထို့နောက် သူတို့သည် မြို့များကို ဖြတ်သွားကြစဉ် ဂျေရုဆလင်မြို့ရှိ အသင်းတော်အကြီးအကဲများနှင့် တမန်တော်တို့မှ ဆုံးဖြတ်ထားသောပညတ်တို့ကို ယုံကြည်သူများ လိုက်နာရန် ညွှန်ကြားကြ၏။
မိလက်မြို့သို့ ရောက်သောအခါ ပေါလုသည် လူလွှတ်၍ ဧဖက်မြို့ရှိ အသင်းတော်အကြီးအကဲများကို မိမိထံလာရောက်တွေ့ဆုံရန် ဖိတ်ခေါ်လေ၏။
နောက်တစ်နေ့တွင် ပေါလုသည် ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံ သွားရောက်တွေ့ဆုံ၏။ အသင်းတော်အကြီးအကဲအားလုံးတို့လည်း ရှိနေကြ၏။
ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။
သင်တို့တွင် အလွန်နာမကျန်းဖြစ်သောသူ ရှိလျှင် အသင်းတော်အကြီးအကဲများကို ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ လူနာအား ဆီလိမ်းကာ ဆုတောင်းပေးကြစေ။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။