Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သက်သေ​နှစ်ဦး၊ သုံးဦး​မရှိ​လျှင် သင်းအုပ်​အပေါ် စွပ်စွဲခြင်း​ကို လက်မခံနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19-20 နှစ် ဦး သုံး ဦး တို့ သက် သေ မ ခံ လျှင် ဥ က္က ဋ္ဌ အ ပေါ် တွင် စွဲ ဆို ချက် ကို လက် မ ခံ နှင့်။ ပြစ် မှား သူ တို့ ကို ကား ကြွင်း သူ တို့ ပါ ကြောက် ရွံ့ စေ ခြင်း ငှါ ရှိ သ မျှ တို့ မျက် မှောက် တွင် ဆုံး မ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး မ​ရှိ​လျှင်၊ သင်း​အုပ်၌ အ​ပြစ်​တင်​သော စ​ကား​ကို နား​မ​ထောင်​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​မ​ရှိ​လျှင် အသင်းတော်​အကြီးအကဲ​အပေါ်​စွပ်စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:19
14 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​မဟုတ်ဘဲ သင့်​စကား​ကို နားမထောင်​ပါက သင်​နှင့်အတူ အသိသက်သေ​တစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့​ကို​ခေါ်​၍ နောက်တစ်ကြိမ်​သွားလော့။ သို့မှသာ အမှုကိစ္စ​မှန်သမျှ​ကို သက်သေ​နှစ်ဦး၊ သို့မဟုတ် သုံးဦး​တို့​၏ ထွက်ဆိုချက်​အရ အတည်ပြု​ဆုံးဖြတ်​နိုင်မည်​ဖြစ်၏။


ထို့ကြောင့် ဘုရင်ခံ​ပိလတ်မင်း​သည် ထို​သူတို့ ရှိရာ​သို့ ထွက်လာ​၍ “သင်တို့​သည် ဤ​လူ အပေါ်​၌ မည်သည့်​စွဲချက်​ကို တင်ကြသနည်း” ဟု မေး၏။


သင်တို့​၏ ပညတ်ကျမ်း​တွင်လည်း လူနှစ်ဦး​ထွက်ဆိုသော သက်သေ​သည် ညီ​လျှင် ထို​သက်သေ ခိုင်လုံကြောင်း ရေးသားထား၏။


ထိုသို့​ဆုံးဖြတ်ခဲ့သည့်​အတိုင်း ထို​ထောက်ပံ့ငွေ​ကို ဗာနဗ​နှင့် ရှောလု​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲများ​ထံသို့ ပို့လိုက်ကြ၏။


ရောမ​ဥပဒေ​တွင် စွပ်စွဲခံရသော​လူ​တစ်ဦး​အနေ​ဖြင့် စွပ်စွဲ​သူ​နှင့် မျက်နှာချင်းဆိုင်​၍ ထို​စွပ်စွဲချက်​ကို ခုခံ​ပြောဆိုခွင့်​မရမီ သူ့​အား​ပြစ်ဒဏ်ပေး​၍ မရပါ​ဟု အကျွန်ုပ်​ဖြေကြားခဲ့ပါ၏။


ယခု ကျွန်ုပ်​သည် တတိယ​အကြိမ် သင်တို့​ထံသို့ လာခဲ့မည်။ ကျမ်းစာ​၌ “အမှုကိစ္စ​မှန်သမျှ​ကို သက်သေ​နှစ်ဦး၊ သို့မဟုတ် သုံးဦး​တို့​၏ ထွက်ဆိုချက်​အရ အတည်ပြု​ဆုံးဖြတ်​ရမည်” ဟု ဖော်ပြထား၏။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


သင်းအုပ်တို့​သည် အပြစ်ကင်းသူ၊ မယား​တစ်ယောက်တည်း​ရှိသူ ဖြစ်ရမည်။ သူတို့​၏​သားသမီးများ​သည် သခင်ဘုရား​ကို ယုံကြည်ရမည်။ ပျော်ပါး​သောက်စားသူများ၊ မနာခံသူများ​ဟူသော စွပ်စွဲခံရခြင်း​နှင့် ကင်းရမည်။


မောရှေ​၏ ပညတ်တရား​ကို နာခံ​ရန် ငြင်းဆန်သောသူ​သည် သက်သေခံ​သူ နှစ်ဦး၊ သုံးဦး​၏​ထွက်ဆိုချက်​အရ သက်ညှာခြင်း​ကို မခံရဘဲ သေဒဏ်ပေးခြင်း​ကို ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ