ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ဂလာတိ 5:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်အယူနှင့် ကွဲလွဲသောအယူကို သင်တို့လက်ခံမည်မဟုတ်ကြောင်း သခင်ဘုရားသည် ကျွန်ုပ်ကို ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူ မည်သူမဆို ပြစ်ဒဏ်စီရင်ခံရမည်။ Common Language Bible သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။ Garrad Bible သင် တို့ သည် စိတ် ပြောင်း လျက် မ နေ ကြ မည့် အ ကြောင်း၊ အ ရှင် ဘု ရား အား ဖြင့် ငါ ယုံ ကြည် စိတ် ချ သော် လည်း သင် တို့ စိတ် ကို မွှေ နှောက် သူ မည် သူ မ ဆို စီ ရင် ဒဏ် ခံ ရ လိမ့် မည်။ Judson Bible သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောင့်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကို ခံရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် ခြားနားသောအယူအဆတစ်စုံတစ်ခုမျှ ရှိမည်မဟုတ်ဟု သခင်ဘုရား၌ သင်တို့ကို ငါယုံကြည်စိတ်ချ၏။ သင်တို့ကို မငြိမ်မသက်ဖြစ်စေသောသူသည် မည်သူပင်ဖြစ်ပါစေ ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။ |
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ထို့နောက် ထိုသူ၏ ဗီဇစိတ်ကို ဖျက်ဆီးရန် သင်တို့သည် ထိုသူအား နှင်ထုတ်၍ စာတန်လက်သို့ အပ်ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် သူ၏ဝိညာဉ်သည် ကယ်တင်ခံရနိုင်မည်ဖြစ်၏။
ထိုသို့ သင်တို့သိကြလိမ့်မည်ဟု စိတ်ချယုံကြည်သောကြောင့် ကျွန်ုပ်သည် သင်တို့ထံသို့ နှစ်ကြိမ် လည်ပတ်၍ နှစ်ဆသောကောင်းချီးကို ပေးလို၏။
လူတချို့က ကျွန်ုပ်တို့သည် လောကီစံနှုန်းအတိုင်း ပြုမူနေထိုင်ကြသည်ဟု ထင်မြင်ကြ၏။ ကျွန်ုပ်ရောက်လာသောအခါ ထိုသူတို့အား ရဲရင့်ပြတ်သားစွာ ပြုမူရန် ကြံစည်ထား၏။ သို့သော် သင်တို့ကိုမူ ထိုသို့ရဲရင့်ပြတ်သားစွာ မပြုမူရစေရန် ကျွန်ုပ်တောင်းပန်ပါ၏။
သင်တို့အကြွင်းမဲ့ နာခံကြသောအခါ ကျွန်ုပ်တို့သည် မနာခံသောသူအပေါင်းတို့ကို ပြစ်ဒဏ်ပေးရန် အသင့်ရှိမည်။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ထိုသူတို့နှစ်ယောက်နှင့်အတူ နောက်ထပ်ညီအစ်ကိုတစ်ဦးကိုလည်း ကျွန်ုပ်တို့စေလွှတ်လိုက်၏။ ထိုသူအား အကြိမ်ကြိမ် စိစစ်ကြည့်ရာ သူသည် ကူညီရန် အစဉ်စိတ်အားထက်သန်ကြောင်း ကျွန်ုပ်တို့တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်မှုရှိသောကြောင့် ယခု ပို၍ပင် စေတနာစိတ်အားထက်သန်လျက်ရှိ၏။
အမှန်တွင်မူ အခြားသတင်းကောင်းဟူ၍ မရှိပါ။ အချို့က သင်တို့ကို စိတ်ရှုပ်ထွေးစေ၍ ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းသာ ဖြစ်၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
ထိုခေါင်းဆောင်များသည် ယခင်က မည်ကဲ့သို့သောသူပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်အတွက် အရေးမကြီးပေ။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူတတ်။ ထိုသူတို့သည် ကျွန်ုပ်၏ ဟောပြောခြင်းအပေါ် မည်သည့်အရာမျှ မဖြည့်စွက်ခဲ့ကြပေ။
အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်၌ ယေရှုခရစ်တော်အသေခံတော်မူခဲ့ရပုံကို သင်တို့၏ မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ကျွန်ုပ်ရှင်းလင်းစွာ ဖော်ပြခဲ့ပါလျက် မည်သူသည် သင်တို့ကို ပြုစားလိုက်သနည်း။
သင်တို့အတွက် ကျွန်ုပ်ကြိုးစားလုပ်ဆောင်ခဲ့သော အရာများ အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိုးရိမ်၏။
သင်တို့အား ဂျူးပညတ်တရားကို လိုက်နာစေလိုသောသူတို့သည် သင်တို့ကို အရေးတယူ ဆက်ဆံကြ၏။ ထိုသို့ပြုသည်မှာ ကောင်းသောရည်ရွယ်ချက်ကြောင့် မဟုတ်ပေ။ သင်တို့သည် သူတို့ကို အရေးတယူဆက်ဆံကြစေရန် သင်တို့ကို ကျွန်ုပ်တို့ထံမှ ဖယ်ထုတ်လိုသောကြောင့်သာ ဖြစ်၏။
ကျွန်ုပ်သည် သင်တို့နှင့် ပတ်သက်၍ မည်သို့ပြုရမည်နည်းဟု စဉ်းစားရခက်သဖြင့် ယခုပင် သင်တို့ကို ကိုယ်တိုင်တွေ့၍ ကျွန်ုပ်၏ လေသံကို ပြောင်းလို၏။
သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်မိမိ သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။
ယခင်က သင်တို့သည် သမ္မာတရားလမ်းအတိုင်း ကောင်းမွန်စွာ ပြေးခဲ့ကြ၏။ ယခုတွင်မူ သမ္မာတရားကို မလိုက်နာစေရန် သင်တို့ကို မည်သူတားဆီးသနည်း။
ယခုမှစ၍ မည်သူမျှ ကျွန်ုပ်ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ကိုယ်ခန္ဓာတွင် ရှိသော ဒဏ်ရာဒဏ်ချက်များက ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း ဖော်ပြလျက် ရှိသောကြောင့် ဖြစ်၏။
ထို့ကြောင့် ဝိညာဉ်ရေးရာ၌ ရင့်ကျက်သော ကျွန်ုပ်တို့အားလုံးသည် ဤစိတ်သဘောထားမျိုး ရှိသင့်၏။ အကယ်၍ အချို့သောအကြောင်းအရာများ၌ မတူညီသောစိတ်သဘောထားရှိလျှင် ဘုရားသခင်သည် ရှင်းလင်းဖော်ပြတော်မူလိမ့်မည်။
သင်တို့သည် ကျွန်ုပ်တို့၏ ညွှန်ကြားချက်များကို ယခု လုပ်ဆောင်နေသကဲ့သို့ ဆက်၍လည်း လုပ်ဆောင်မည်ဟု သခင်ဘုရားက ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေတော်မူ၏။
ထိုသူတို့ထဲတွင် ဟုမေနဲနှင့် အလက်ဇန်းဒါးတို့ ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမခံကြစေရန် ကျွန်ုပ်သည် သူတို့ကို စာတန်လက်သို့ အပ်လိုက်၏။
သင်သည် ကျွန်ုပ်၏တောင်းဆိုမှုကိုပင် ကျော်လွန်၍ နာခံလုပ်ဆောင်မည်ဟု စိတ်ချယုံကြည်လျက် သင့်ထံ ကျွန်ုပ်စာရေးလိုက်၏။