Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 2:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​ကို ဝမ်းမြောက်​စေရမည့်​သူများ​က ကျွန်ုပ်​ကို ဝမ်းနည်း​စေမည်​စိုး​သဖြင့် ယခင်​စာ​ကို ရေးပို့ခဲ့ခြင်း​ဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်​လျှင် သင်တို့​အားလုံး​သည်လည်း ဝမ်းမြောက်ကြမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ငါ့ ၏ ရွှင် လန်း ခြင်း အ ကြောင်း သည် သင် တို့ ရှိ သ မျှ၏ ရွှင် လန်း ခြင်း အ ကြောင်း ဖြစ် သည် ဟု သင် တို့ ရှိ သ မျှ ကို ရည် လျက် ငါ စိတ် ချ သည့် အ လျောက် ငါ့ ကို ရွှင် လန်း စေ အပ် သော သင် တို့ ထံ မှာ ပူ ပန် မည် စိုး ၍ ငါ မ လာ ဖြစ် ဘဲ စာ ရေး လိုက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ငါ​ဝမ်း​မြောက်​ခြင်း၏ အ​ကြောင်း​သည် သင်​တို့​ရှိ​သ​မျှ၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်​သည်​ကို ငါ​သ​ဘော​ကျ​သည်​ဖြစ်၍၊ ငါ​ရောက်​သော​အ​ခါ ငါ့​ကို ဝမ်း​မြောက်​စေ​အပ်​သော​သူ​တို့​သည် ဝမ်း​နည်း​ခြင်း အ​ကြောင်း​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ထက်​စာ​ကို ငါ​ရေး၍ ပေး​လိုက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​လာ​သောအခါ ငါ့​ကို​ဝမ်းမြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်းနည်း​စေ​မည်​စိုး​၍ ဤ​အကြောင်းအရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်းမြောက်​ခြင်း​သည် သင်​တို့​ရှိသမျှ​၏​ဝမ်းမြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:3
17 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​အယူ​နှင့် ကွဲလွဲသော​အယူ​ကို သင်တို့​လက်ခံမည်​မဟုတ်ကြောင်း သခင်ဘုရား​သည် ကျွန်ုပ်​ကို ယုံကြည်​စိတ်ချစေတော်မူ၏။ သင်တို့​ကို စိတ်ရှုပ်ထွေးစေသော​သူ မည်သူမဆို ပြစ်ဒဏ်​စီရင်ခံရမည်။


ထို​သူတို့​နှစ်ယောက်​နှင့်အတူ နောက်ထပ်​ညီအစ်ကို​တစ်ဦး​ကိုလည်း ကျွန်ုပ်တို့​စေလွှတ်လိုက်၏။ ထို​သူ​အား အကြိမ်ကြိမ် စိစစ်ကြည့်​ရာ သူ​သည် ကူညီ​ရန် အစဉ်​စိတ်အား​ထက်သန်ကြောင်း ကျွန်ုပ်တို့​တွေ့ရှိရ၏။ သူ​သည် သင်တို့​အပေါ် ယုံကြည်မှု​ရှိသောကြောင့် ယခု ပို၍​ပင် စေတနာ​စိတ်အားထက်သန်​လျက်​ရှိ၏။


သင်​သည် ကျွန်ုပ်​၏​တောင်းဆိုမှု​ကိုပင် ကျော်လွန်​၍ နာခံ​လုပ်ဆောင်မည်​ဟု စိတ်ချယုံကြည်​လျက် သင့်​ထံ ကျွန်ုပ်​စာရေးလိုက်၏။


ထို့ကြောင့် သင်တို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်​သော်လည်း ထိုသို့​ရေးရခြင်း​မှာ ပြစ်မှားသောသူ​အတွက်ကြောင့် မဟုတ်​သကဲ့သို့ နစ်နာသောသူ​အတွက်ကြောင့်​လည်း မဟုတ်။ သင်တို့​သည် ဘုရားသခင်​ရှေ့တော်​တွင် ကျွန်ုပ်တို့​ကို မည်မျှ ချစ်ခင်​ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်​နိုင်ရန်​သာ​ဖြစ်၏။


သင်တို့​သည် ကျွန်ုပ်တို့​၏ ညွှန်ကြားချက်များ​ကို ယခု လုပ်ဆောင်​နေ​သကဲ့သို့ ဆက်​၍​လည်း လုပ်ဆောင်မည်​ဟု သခင်ဘုရား​က ကျွန်ုပ်တို့​ကို ယုံကြည်စိတ်ချ​စေတော်မူ၏။


နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​ပို့လိုက်သော​စာ​ကြောင့် သင်တို့​ဝမ်းနည်းရ​လျှင်လည်း ကျွန်ုပ်​သည် စိတ်မကောင်း​မဖြစ်ပါ။ အစဦး​တွင် ကျွန်ုပ် စိတ်မကောင်း​ဖြစ်ခဲ့ရ​သော်လည်း ကျွန်ုပ်​ရေးလိုက်သော​စာ​ကြောင့် သင်တို့​ဝမ်းနည်းရသည်​မှာ ခဏ​သာ ဖြစ်​သောကြောင့်


သို့သော်လည်း အားငယ်သောသူတို့​ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်​သည် တိတု​ရောက်လာခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ၏။


ထိုသို့ သင်တို့​သိကြ​လိမ့်မည်​ဟု စိတ်ချယုံကြည်​သောကြောင့် ကျွန်ုပ်​သည် သင်တို့​ထံသို့ နှစ်ကြိမ် လည်ပတ်​၍ နှစ်ဆသော​ကောင်းချီး​ကို ပေးလို၏။


ကျွန်ုပ်​သည် သင်တို့​ထံ တုတ်​နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့သော​စိတ်​ဖြင့် လာရမည်လော။ မည်သည့်​အရာ​ကို သင်တို့ ရွေးချယ်​လို​သနည်း။


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


ကျွန်ုပ်​စာရေးပို့ရသော အခြား​အကြောင်းရင်း​မှာ သင်တို့​သည် ကျွန်ုပ်​၏ ညွှန်ကြားချက်များ​ကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်​ကို သိလို​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ကို အရာရာ​၌ ယုံကြည်စိတ်ချရ​သောကြောင့် ဝမ်းမြောက်၏။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ