လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
ကောလောသဲ 2:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။ Common Language Bible ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။- Garrad Bible ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။ Judson Bible ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။ |
လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
သေလွန်သောသူတို့ထမြောက်ခြင်းအကြောင်းကို ကြားရသောအခါ တချို့က လှောင်ပြောင်ကဲ့ရဲ့ကြ၏။ သို့သော် တချို့မှာ “ဤအကြောင်းကို နောက်တစ်ကြိမ် ထပ်၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။
ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းသည့်ဉာဏ်ပညာကို ဆန့်ကျင်သောမာန်မာနတိုင်းကို ဖြိုဖျက်၍ လူ့အတွေးအခေါ်တိုင်းကို ချုပ်နှောင်ကာ ခရစ်တော်၏စကားကို နာခံစေကြ၏။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
ကျွန်ုပ်တို့သည်လည်း အရွယ်မရောက်မီအချိန်၌ လောကီအခြေခံမူအောက်တွင် ကျွန်ခံခဲ့ကြ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
သို့သော် သင်တို့သည် အချင်းချင်း ကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးသွားမည်ဖြစ်၍ သတိပြုကြလော့။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။
ကိုယ်ခန္ဓာကို လှီးဖြတ်တတ်သူများဖြစ်သည့် အကျင့်ဆိုးကို ကျင့်သော ခွေးဖြစ်သူတို့ကို သတိပြုကြလော့။ ထိုသူတို့သည် ကယ်တင်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ပြောဆိုကြ၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီအခြေခံမူနှင့် အဆက်ပြတ်ကြသည်မှန်လျှင် ဤလောက၏ လက်အောက်ခံကဲ့သို့
ထိုတားမြစ်ထားသော အရာများသည် ကျွန်ုပ်တို့အသုံးပြုသည်နှင့်အမျှ ပျက်စီးသွားမည့်အရာဝတ္ထုများသာ ဖြစ်ပြီး ထိုစည်းမျဉ်းများသည်လည်း လူ့ပညတ်နှင့် သွန်သင်ချက်များသာ ဖြစ်ကြ၏။
ထိုစည်းမျဉ်းများတွင် ပြင်းပြသောကိုးကွယ်ဆည်းကပ်ခြင်း၊ မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း၊ ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတို့ပါဝင်သဖြင့် ပညာရှိသယောင် ထင်ရ၏။ သို့သော်လည်း ၎င်းတို့သည် လူတို့၏ သွေးသားစိတ်ဆန္ဒတပ်မက်မှုများကို ထိန်းချုပ်ရာတွင် အကျိုးမပြုပေ။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။
ချစ်ရသောသူတို့… သင်တို့သည် ဤအကြောင်းအရာများကို ကြိုတင်သိထားကြပြီဖြစ်၍ တရားမဲ့သူ၏ အမှားနောက်သို့ လိုက်ပါမသွားစေရန်နှင့် သင်တို့၏တည်ငြိမ်ရင့်ကျက်မှုကို မဆုံးရှုံးစေရန် သတိပြုကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။