အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


နေ​ဟ​မိ 3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
နေ​ဟ​မိ 3

မြို့ရိုးကိုပြန်လည်တည်ဆောက်ခြင်း

1 ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​နှင့် သူ​၏​ညီအစ်ကို​ယဇ်ပုရောဟိတ်​တို့​က​လည်း သိုး​တံခါး​ကို ပြန်လည်​တည်ဆောက်​၍ ဆက်ကပ်​ကြ​ပြီး တံခါးရွက်​များ​ကို တပ်ဆင်​ကြ​၏​။ မေအာ​ရဲတိုက်​အထိ​၊ ထိုမှ ဟာနနေလ​ရဲတိုက်​အထိ မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ပြီး ဆက်ကပ်​ကြ​၏​။

2 သူ​တို့​ဘေး​တွင် ဂျေရိခေါ​မြို့သား​တို့ တည်ဆောက်​ပြီး ထိုမှ​ဆက်၍ ဣမရိ​၏​သား​ဇက္ကုရ တည်ဆောက်​၏​။

ငါးတံခါးအပိုင်း

3 ဟသေန​သားမြေး​တို့​သည် ငါး​တံခါး​ကို ပြန်လည်​တည်ဆောက်​ကြ​၏​။ တံခါးထုပ်​များ​၊ တံခါးရွက်​များ​၊ မင်းတုပ်​များ​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။

4 သူ​တို့​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် မေရှဇဗေလ​၏​မြေး​၊ ဗေရခိ​၏​သား​မေရှုလံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဗာနာ​၏​သား​ဇာဒုတ် ပြုပြင်​၏​။

5 သူ​၏​ဘေး​တွင် တေကော​မြို့သား​တို့ ပြုပြင်​ကြ​၏​။ သို့သော် သူ​တို့​၏​ခေါင်းဆောင်​တို့​သည် သခင်​စေခိုင်း​သည်​ကို မ​ထမ်းဆောင်​လို​ကြ​ပေ​။

ယေရှနတံခါး၊ မြို့ရိုးကျယ်နှင့် မီးခိုးခေါင်းတိုင်အပိုင်း

6 ပါသာ​၏​သား​ယောယဒ​နှင့် ဗေသောဒေယ​၏​သား​မေရှုလံ​တို့​သည် ယေရှန​တံခါး​ကို ပြုပြင်​ကြ​၏​။ တံခါးထုပ်​များ​၊ တံခါးရွက်​များ​၊ မင်းတုပ်​များ​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။

7 သူ​တို့​၏​ဘေး​တွင် ဂိဗောင်​မြို့သား​မေလတိ​၊ မေရောနုတ်​မြို့သား​ယာဒုန်​နှင့်တကွ ဂိဗောင်​မြို့သား​များ​၊ မိဇပါ​မြို့သား​များ​သည် ဘုရင်ခံ​အုပ်ချုပ်​သော ယူဖရေးတီး​မြစ်​အနောက်ဘက်​အထိ ပြုပြင်​ကြ​၏​။

8 သူ​တို့​၏​ဘေး​တွင် ဟာဟာယ​၏​သား ပန်းထိမ်ဆရာ​ဩဇေလ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် အမွှေးနံ့သာ​ဖော်​ဆရာ​ဟာနနိယ ပြုပြင်​၏​။ သူ​တို့​သည် ဂျေရုဆလင်​မြို့ရိုး​ကို မြို့ရိုး​ကျယ်​အထိ ပြုပြင်​ကြ​၏​။

9 သူ​တို့​၏​ဘေး​တွင် ဟုရ​၏​သား ဂျေရုဆလင်​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ ရေဖာယ ပြုပြင်​၏​။

10 သူ​၏​ဘေး​တွင် ဟာရုမပ်​၏​သား​ယေဒါယ​သည် သူ​၏​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဟာရှဗနိ​၏​သား​ဟတ္တုတ် ပြုပြင်​၏​။

11 ဟာရိမ်​၏​သား​မာလခိယ​နှင့် ပါဟတ်မောဘ​၏​သား​ဟာရှုပ်​တို့​သည် မြို့ရိုး​နောက်​တစ်ပိုင်း​နှင့် မီးခိုး​ခေါင်းတိုင်​ကို ပြုပြင်​ကြ​၏​။

12 သူ​တို့​၏​ဘေး​တွင် ဟာလောဟက်​၏​သား ဂျေရုဆလင်​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ရှလ္လုံ​နှင့် သူ​၏​သမီး​များ ပြုပြင်​ကြ​၏​။

ချိုင့်ဝှမ်းတံခါး၊ နောက်ချေးပုံတံခါးနှင့် စမ်းရေတွင်းတံခါးအပိုင်း

13 ဟာနုန်​နှင့် ဇာနော​မြို့သား​တို့​သည် ချိုင့်ဝှမ်း​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​၏​။ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။ နောက်ချေးပုံ​တံခါး​တိုင်အောင် မြို့ရိုး​အတောင်​တစ်ထောင်​ကို ပြုပြင်​ကြ​၏​။

14 ဗေသက္ကရင်​နယ်​ကို​အုပ်ချုပ်ရသူ​၊ ရေခပ်​၏​သား​မာလခိယ​သည် နောက်ချေးပုံ​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​တို့​ကို တပ်ဆင်​၏​။

15 ကောလဟောဇ​၏​သား မိဇပါ​နယ်​ကို​အုပ်ချုပ်ရသူ​ရှလ္လုံ​သည် စမ်းရေတွင်း​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ အမိုးမိုး​၍ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​၏​။ ရှင်ဘုရင်​၏​ဥယျာဉ်​တော်​နား​ရှိ ရှိလောင်​ရေကန်​နှင့်​ကပ်​လျက်​မြို့ရိုး​ကို ဒါဝိဒ်​မြို့​မှ​ဆင်းလာ​သော​လှေကား​အထိ ပြုပြင်​၏​။

16 သူ​၏​ဘေး​တွင် အာဇဗုတ်​၏​သား ဗက်ဇုရ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​နေဟမိ​သည် ဒါဝိဒ်​၏​သင်္ချိုင်း​နှင့်​မျက်နှာချင်းဆိုင်​မှစ၍ တူး​ထား​သော​ရေကန်​အထိ​၊ ထိုမှ စစ်သူရဲ​နေအိမ်​အထိ ပြုပြင်​၏​။

17 သူ​၏​ဘေး​တွင် လေဝိ​အမျိုး ဗာနိ​၏​သား​ရေဟုံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ကိလ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ဟာရှဘိ​သည် သူ့​နယ်​နှင့်ဆိုင်သော​အပိုင်း​ကို ပြုပြင်​၏​။

18 သူ​၏​ဘေး​တွင် သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော ဟေနဒဒ်​၏​သား ကိလ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ဗာဝဲ ပြုပြင်​၏​။

19 သူ​၏​ဘေး​တွင် ယေရွှာ​၏​သား မိဇပါ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ ဧဇာ​သည် လက်နက်တိုက်​သို့​တက်သွား​ရာ​လမ်း​နှင့်​မျက်နှာချင်းဆိုင် ထောင့်ချိုး​အထိ ပြုပြင်​၏​။

မြို့ရိုးထောင့်၊ ရေတံခါး​နှင့် ဩဖေလတံတိုင်းအပိုင်း

20 သူ​၏​ဘေး​တွင် ဇဗ္ဗဲ​၏​သား​ဗာရုတ်​သည် နောက်တစ်ပိုင်း​ဖြစ်​သည့် မြို့ရိုး​ထောင့်​မှစ၍ ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​၏​အိမ်​တံခါးဝ​အထိ အားကြိုးမာန်တက်​ပြုပြင်​၏​။

21 သူ​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ်​သည် ဧလျာရှိပ်​၏​အိမ်​တံခါးဝ​မှ ဧလျာရှိပ်​၏​အိမ်​အစွန်း​ပိုင်း​အထိ ပြုပြင်​၏​။

22 သူ​၏​ဘေး​တွင် အနီး​ဝန်းကျင်​ရှိ​ယဇ်ပုရောဟိတ်​တို့ ပြုပြင်​ကြ​၏​။

23 သူ​တို့​၏​ဘေး​တွင် ဗင်္ယာမိန်​နှင့်​ဟာရှုပ်​သည် မိမိ​တို့​၏​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​ကြ​၏။ ထိုမှ​ဆက်၍ အာနနိ​၏​မြေး​၊ မာသေယ​၏​သား​အာဇရိ​သည် မိမိ​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​၏​။

24 သူ​၏​ဘေး​တွင် ဟေနဒဒ်​၏​သား​ဗိနွိ​သည် နောက်တစ်ပိုင်း​ဖြစ်​သော အာဇရိ​အိမ်​မှ​ကွေ့​၍ ထောင့်ချိုး​အထိ ပြုပြင်​၏​။

25 ဥဇဲ​၏​သား​ပါလလ​သည် ထောင့်ချိုး​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​နှင့် ထောင်ဝင်း​အနီး ဘုရင့်​အထက်​နန်းတော်​ရှိ ထိုးထွက်​နေ​သော​မျှော်စင်​ကို ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ပါရုတ်​၏​သား​ပေဒါယ ပြုပြင်​၏​။

26 ဩဖေလ​အရပ်​၌​နေထိုင်​သော​ဗိမာန်တော်​အစေအပါး​တို့​သည် မျက်နှာချင်းဆိုင်​ရှိ​အရှေ့​ဘက်​ရေ​တံခါး​မှ ထိုးထွက်​နေ​သော​မျှော်စင်​အထိ ပြုပြင်​ကြ​၏​။

27 သူ​တို့​၏​ဘေး​တွင် တေကော​မြို့သား​တို့​သည် ထိုးထွက်​နေ​သော​မျှော်စင်​ကြီး​မှ ဩဖေလ​တံတိုင်း​အထိ မြို့ရိုး​နောက်တစ်ပိုင်း​ကို ပြုပြင်​ကြ​၏​။

မြင်းတံခါး၊ မိဖကဒ်တံခါးနှင့် သိုးတံခါးအပိုင်း

28 မြင်း​တံခါး​အထက်​ဘက်​တွင်​မူ ယဇ်ပုရောဟိတ်​တို့​သည် မိမိ​တို့​အိမ်​ရှေ့​တွင် အသီးသီး ပြုပြင်​ကြ​၏​။

29 သူ​တို့​၏​ဘေး​တွင် ဣမေရ​၏​သား​ဇာဒုတ်​သည် သူ့​အိမ်​ရှေ့​တွင် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ရှေခနိ​၏​သား အရှေ့​တံခါးမှူး​ရှေမာယ ပြုပြင်​၏​။

30 သူ​၏​ဘေး​တွင် ရှေလမိ​၏​သား​ဟာနနိယ​နှင့် ဇာလပ်​၏​ဆဋ္ဌမ​မြောက်​သား​ဟာနုန်​တို့ ပြုပြင်​ကြ​၏​။ သူ​တို့​၏​ဘေး​တွင် ဗေရခိ​၏​သား​မေရှုလံ​သည် မိမိ​အိမ်​ရှေ့​တွင် ပြုပြင်​၏​။

31 သူ​၏​ဘေး​တွင် ပန်းထိမ်ဆရာ​၏​သား​မာလခိယ​သည် မိဖကဒ်​တံခါး​ရှေ့​ရှိ ဗိမာန်တော်​အစေအပါး​များ​နှင့် ကုန်သည်​များ​နေရာ​အိမ်​အထိ​၊ ထိုမှ အထက်ခန်း​မြို့ရိုး​ထောင့်​အထိ ပြုပြင်​၏​။

32 ထို​အထက်ခန်း​မြို့ရိုး​ထောင့်​မှ သိုး​တံခါး​အထိ​ကို ပန်းထိမ်သမား​များ​နှင့် ကုန်သည်​များ ပြုပြင်​ကြ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative