Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 3:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​၏​ဘေး​တွင် တေကော​မြို့သား​တို့ ပြုပြင်​ကြ​၏​။ သို့သော် သူ​တို့​၏​ခေါင်းဆောင်​တို့​သည် သခင်​စေခိုင်း​သည်​ကို မ​ထမ်းဆောင်​လို​ကြ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 နောက်​ထပ်​တစ်​ပိုင်း​ကို​တေ​ကော​မြို့​သား​တို့ တည်​ဆောက်​ကြ​လေ​သည်။ သို့​ရာ​တွင်​မြို့​၏ အ​ကြီး​အ​ကဲ​များ​က​မူ မိ​မိ​တို့​အား​ကြီး ကြပ်​သူ​တို့​ပေး​အပ်​သည့်​ကာ​ယ​အ​လုပ် ကို​ငြင်း​ဆန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ၎င်း အ စပ်၊ တေ ကော မြို့ သား တို့ ပြင် ဆင် ကြ သော် လည်း၊ ဆိုင် ရာ အ ကြီး အ ကဲ တို့ သည်၊ ကိုယ့် အ ရှင့် တာ ဝန် ကို မ ထမ်း မ ဆောင် ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သူ့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​ကြ၏။ သို့​ရာ​တွင်၊ တေ​ကော​မင်း​တို့​သည် မိ​မိ​တို့​အ​ရှင်၏​အ​မှု​ကို ဝိုင်း​ညီ၍​မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 3:5
17 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယွာဘ​သည် တေကော​မြို့​သို့ လူ​လွှတ်​၍ ထို​မြို့​မှ လိမ္မာပါးနပ်​သော​အမျိုးသမီး​တစ်ဦး​ကို ခေါ်လာ​စေ​ပြီးလျှင် “​ယခု သင်​သည် ဆီ​မ​လိမ်း​ဘဲ ငိုကြွေးမြည်တမ်း​ရာ​ဝတ်စုံ​ကို​ဝတ်​ပြီး လူသေ​အတွက် နေ့ရက်​များစွာ​ငိုကြွေးမြည်တမ်း​နေ​သော​မိန်းမ​ကဲ့သို့ ဟန်ဆောင်​ငိုကြွေး​လျက်


ဗက်လင်​မြို့​၊ ဧတံ​မြို့​၊ တေကော​မြို့​၊


သူ​တို့​၏​ဘေး​တွင် တေကော​မြို့သား​တို့​သည် ထိုးထွက်​နေ​သော​မျှော်စင်​ကြီး​မှ ဩဖေလ​တံတိုင်း​အထိ မြို့ရိုး​နောက်တစ်ပိုင်း​ကို ပြုပြင်​ကြ​၏​။


သူ​တို့​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် မေရှဇဗေလ​၏​မြေး​၊ ဗေရခိ​၏​သား​မေရှုလံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဗာနာ​၏​သား​ဇာဒုတ် ပြုပြင်​၏​။


ပါသာ​၏​သား​ယောယဒ​နှင့် ဗေသောဒေယ​၏​သား​မေရှုလံ​တို့​သည် ယေရှန​တံခါး​ကို ပြုပြင်​ကြ​၏​။ တံခါးထုပ်​များ​၊ တံခါးရွက်​များ​၊ မင်းတုပ်​များ​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။


ငါ​သည် ထို​စကား​အလုံးစုံ​တို့​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား လျှောက်တင်​၏​။ “​အရှင်​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​နှင့် သူ​၏​လူ​များ​ကို အစေခံ​လျက် အသက်ရှင်​ပါ​လော့​။


ထာဝရဘုရား​က “​ကြိုး​များ​၊ ထမ်းပိုး​များ​ကို​ပြုလုပ်​ပြီး သင်​၏​ပခုံး​ပေါ် တင်​လော့​။


တစ်ဖန် ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​နိုင်ငံ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို အစေ​မ​ခံ​၊ ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို မ​ထမ်း​လျှင် ဤ​လူမျိုး​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ ထို​ဘုရင်​၏​လက်​ဖြင့် ရှင်းရှင်း​ဖျက်ဆီး​ပစ်​မည်​။


အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။


ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက်​နှင့် ယောရှ​၏​သား အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက် ငလျင်​မ​လှုပ်​မီ နှစ်​နှစ်​တွင် တေကော​မြို့သား သိုးထိန်း​အာမုတ်​သည် အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ မြင်​ရ​သည့်​အတိုင်း ဆင့်ဆို​သော​စကား​မှာ ဤသို့​ဖြစ်​၏​။


ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။


သို့ဖြစ်လျှင် သင်​တို့​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ငါ​တို့​ကိုယ်တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်းပိုး​ကို ထို​တပည့်​တော်​တို့​၏​လည်ပင်း​ပေါ်၌ တင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့် စမ်းသပ်​ကြ​သနည်း။


ညီအစ်ကို​တို့၊ သင်​တို့​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ်​က​အကြောင်း​ကို ဆင်ခြင်​ကြ​လော့။ လူ့​အမြင်​အရ သင်တို့​တွင် ပညာရှိ​များစွာ​မ​ပါ။ အစွမ်းထက်​သော​သူ​များစွာ​မ​ပါ။ မြင့်မြတ်​သော​သူ​များစွာ​မ​ပါ။


ထာဝရဘုရား​၏​ကောင်းကင်တမန်​က ‘​မေရောဇ​မြို့​ကို​ကျိန်ဆဲ​လော့​။ ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ကျိန်စာတိုက်​လော့​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​။ သူရဲကောင်း​တို့​နှင့်​တိုက်ခိုက်​သော​ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​’​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ