နေဟမိ 3:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဟသေနသားမြေးတို့သည် ငါးတံခါးကို ပြန်လည်တည်ဆောက်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ဟဿေ နာ့ သား တို့ သည်၊ ငါး တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ထုပ်၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း ထုပ် များ ကို တပ် ထား ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။