လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
၁ သက် 4:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ ကြွေးကြော်အမိန့်ပေးသံနှင့်တကွ ကောင်းကင်တမန်မင်း၏အသံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တိုင် ကောင်းကင်က ဆင်းကြွလာသောအခါ ခရစ်တော်ကို ယုံကြည်လျက် သေလွန်သောယုံကြည်သူများသည် ဦးစွာထမြောက်ကြမည်။ Common Language Bible ကြွေးကြော်အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း ၏ဟစ်သံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူလိမ့် မည်။ ခရစ်တော်ကိုယုံကြည်၍သေလွန်သူများ သည်ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။- Garrad Bible စေ တ မန် တော် မင်း ဟစ် သံ၊ ဘု ရား သ ခင့် တံ ပိုး တော် မှုတ် သံ တည်း ဟူ သော ကြွေး ကြော် သံ နှင့် အ ရှင် ဘု ရား ကိုယ် တော် တိုင် ကောင်း ကင် ဘုံ မှ ဆင်း သက် တော် မူ သည့် ကာ လ၊ ခ ရစ် တော်၌ သေ လွန် သူ တို့ သည် ဦး စွာ ရှင် ပြန် ထ မြောက် ကြ လိမ့် မည်။ Judson Bible သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏အသံနှင့် ဘုရားသခင်၏တံပိုးမှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်မှဆင်းသက်တော်မူသောအခါ ခရစ်တော်၌သေလွန်သောသူတို့သည် ဦးစွာထမြောက်ကြလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။
ထိုသို့ဖြစ်လျှင် ခရစ်တော်ကို ယုံကြည်လျက် ကွယ်လွန်သွားသောသူတို့သည်လည်း ပျက်စီးကြပြီဖြစ်ပေမည်။
အမှန်တွင်မူ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သေလွန်သောသူတို့အနက် အဦးဆုံးရှင်ပြန်ထမြောက်သောသူ ဖြစ်တော်မူ၏။
သို့သော် ထမြောက်ခြင်းတွင် အလှည့်ကျရှိမည်ဖြစ်ပြီး ခရစ်တော်သည် အဦးဆုံးရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ခရစ်တော် ပြန်လည်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့၏သခင် ယေရှုသည် သင်တို့ထံ ကျွန်ုပ်တို့ လာနိုင်ရန် လမ်းဖွင့်ပေးတော်မူပါစေသော။
ဆင်းရဲဒုက္ခရောက်နေသော သင်တို့နှင့်အတူ ကျွန်ုပ်တို့ကိုလည်း စိတ်သက်သာရာရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် မီးလျှံကြားက တန်ခိုးကြီးသော ကောင်းကင်တမန်များခြံရံလျက် ကောင်းကင်ဘုံမှ ပေါ်ထွက်လာသောအခါ
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ကြွလာတော်မူခြင်းအကြောင်းနှင့် ကိုယ်တော်ထံ ကျွန်ုပ်တို့ စုဝေးခြင်းအကြောင်းတို့နှင့်ပတ်သက်၍
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
သို့ရာတွင် ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ပြစ်တင်စော်ကားစကားမဆိုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ” ဟူ၍သာ ဆိုခဲ့၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ကောင်းကင်အလယ်၌ ပျံဝဲနေသည့် လင်းယုန်ငှက်တစ်ကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုလင်းယုန်က “ကျန်ရှိသောကောင်းကင်တမန်သုံးပါးတို့၏ တံပိုးခရာမှုတ်တော့မည့်အသံကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်” ဟုကျယ်လောင်စွာ ကြွေးကြော်သည်ကို ကျွန်ုပ်ကြားရ၏။
ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ကျွန်ုပ်မြင်ရ၏။ ဘုရားသခင်သည် သူတို့အားတံပိုးခရာခုနစ်ခုကို ပေးတော်မူ၏။