Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 4:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သခင်ဘုရား​၏ စကားတော်​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ပြောပြ​လို၏။ သခင်ဘုရား​ပြန်လည်​ကြွလာသည့်​တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့​သည် သေဆုံးသွား​သူများ​ထက် စော​၍ ခရစ်တော်​ကို တွေ့ဆုံကြမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အ ရှင် ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း ငါ တို့ ပြော ဆို သည် ကား၊ အ ရှင် ဘု ရား ကြွ လာ သည့် တိုင် အောင် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အိပ် ပျော် သူ တို့ အ ရင် ရောက် ရ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သ​ခင်​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အား​ဖြင့် တစ်​ဖန် ငါ​တို့​ဆို​သည်​ကား၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော ငါ​တို့​သည် အိပ်​ပျော်​ပြီး​သော​သူ​တို့၏ အ​ရင်​အ​ဦး နေ​ရာ​ကျ​ရ​ကြ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သခင်​ဘုရား​၏​စကား​တော်​အားဖြင့် သင်​တို့​အား ငါ​တို့​ဆို​သည်မှာ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အိပ်ပျော်​သော​သူ​တို့​ထက် လုံးဝ​ရှေ့ကျ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 4:15
19 ပူးပေါင်းရင်းမြစ်များ  

ပေတရု​က “ပေးဆောင်ပါသည်” ဟု ဖြေ​ကာ အိမ်​သို့​ဝင်လေ၏။ ထိုအခါ ပေတရု​မလျှောက်​မီ ယေရှု​က ကြိုတင်​၍ “ပေတရု… ဤ​အကြောင်း​ကို သင်​မည်သို့​ထင်သနည်း။ လောကီ​ရှင်ဘုရင်တို့​သည် အခွန်အကောက်များ​ကို မည်သူ့​ထံမှ ကောက်ခံကြသနည်း။ မိမိတို့​၏​နိုင်ငံသား​ထံမှလော၊ သို့မဟုတ် အခြားသူများ​ထံမှလော” ဟု မေးတော်မူ၏။


ထိုသို့​ဖြစ်လျှင် ခရစ်တော်​ကို ယုံကြည်​လျက် ကွယ်လွန်သွားသော​သူတို့​သည်လည်း ပျက်စီးကြပြီ​ဖြစ်ပေမည်။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ထို​သတင်းကောင်း​ကို မည်သူ​တစ်ဦးတစ်ယောက်​ထံက​မျှ ကျွန်ုပ်​လက်ခံရရှိသည်​မဟုတ်။ သင်ယူခဲ့ရသည်​လည်း မဟုတ်။ ယေရှု​ခရစ်တော်​၏ ဗျာဒိတ်တော်​ဖွင့်ပြခြင်း​မှ ရရှိခဲ့ခြင်း​ဖြစ်၏။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


ညီအစ်ကို​မောင်နှမတို့… သေလွန်ပြီးသော သူများ​နှင့် ပတ်သက်၍ သင်တို့ မသိဘဲ​မနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်​မဲ့သော မယုံကြည်သူများ ဝမ်းနည်း​သကဲ့သို့ သင်တို့​သည် ဝမ်းနည်း​ရမည်​မဟုတ်။


သခင်​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​တို့​အတွက် အသေခံခဲ့​သောကြောင့် ကျွန်ုပ်တို့​သည် အသက်ရှင်​ဆဲ​ရှိသည်​ဖြစ်စေ၊ သေလွန်ပြီးသည်​ဖြစ်စေ ထို​သခင်​နှင့်​အတူ အသက်ရှင်ကြ​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ကြွလာတော်မူခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ ကျွန်ုပ်တို့ စုဝေးခြင်း​အကြောင်း​တို့နှင့်​ပတ်သက်​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ