Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 4:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့နောက် သူတို့​နှင့်အတူ အသက်ရှင်​ကျန်ရစ်သည့် ကျွန်ုပ်တို့​သည် အာကာသ​ကောင်းကင်​တွင် သခင်ဘုရား​နှင့် တွေ့ဆုံ​ရန် မိုးတိမ်​ပေါ်သို့ ယူဆောင်ခြင်း​ခံရမည်။ ဤသို့ဖြင့် ကျွန်ုပ်တို့​သည် သခင်ဘုရား​နှင့် ထာဝရ​အတူ နေကြရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို့ နောက် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အာ ကာ သ၌ အ ရှင် ဘု ရား ကို ကြို ဆို ခြင်း ငှါ၊ ထို သူ တို့ နှင့် အ တူ တိမ် တိုက် ဖြင့် ယူ ဆောင် ခံ ရ၍ အ ရှင် ဘု ရား နှင့် ကာ လ အ စဉ် စံ နေ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရား​နှင့်​တွေ့ဆုံ​ရန် ထို​သူ​တို့​နှင့်​အတူ မိုးတိမ်​အားဖြင့် ချီဆောင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် ငါ​တို့​သည် သခင်​ဘုရား​နှင့်အတူ အစဉ်အမြဲ​နေ​ရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 4:17
33 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်​ပြောသည့်​အတိုင်း မှန်ပါ၏။ နောင်​တွင် လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။


ယေရှု​က “မှန်ပါ၏။ လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။


ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။


ငါ​သည် သွား​၍ သင်တို့​အတွက် နေစရာ​ပြင်ဆင်ပြီး​လျှင် ပြန်လာ​ကာ ငါ​ရှိရာ​အရပ်​၌ သင်တို့​လည်း ရှိ​နိုင်ရန်​အတွက် သင်တို့​ကို ခေါ်ဆောင်မည်။


အို အဖ… အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော​သူတို့​ကို အကျွန်ုပ်​ရှိမည့်​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိစေ​လိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်​မရှိမီ​ကပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို ချစ်​၍ ပေးတော်မူသော ဘုန်းအသရေ​ကို သူတို့​တွေ့မြင်ပါ​လိမ့်မည်။


ထိုသို့ မိန့်တော်မူ​ပြီးနောက် တမန်တော်တို့​သည် ကြည့်ရှုနေကြ​စဉ် သခင်ဘုရား​သည် ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ကို​ခံတော်မူ​၍ မိုးတိမ်​သည် ကိုယ်တော်​ကို သူတို့​၏​မြင်ကွင်း​မှ ဖုံးကွယ်လေ၏။


ရေ​မှ တက်လာကြ​သောအခါ ထာဝရဘုရား​၏​ဝိညာဉ်တော်​သည် ဖိလိပ္ပု​ကို ခေါ်ယူသွား​သဖြင့် အမတ်​သည် ဖိလိပ္ပု​ကို နောက်ထပ် မတွေ့မြင်ရတော့ပေ။ သို့သော်လည်း သူ​သည် ဝမ်းသာရွှင်လန်း​စွာ ခရီးဆက်လေ၏။


ကျွန်ုပ်တို့​သည် စိတ်ချ​ယုံကြည်မှု​ရှိ​၍ ဤ​ကိုယ်ခန္ဓာ​ကို စွန့်ခွာ​ပြီးလျှင် သခင်ဘုရား​နှင့် အတူ​နေထိုင်​ရန် လိုလားကြ၏။


ကျွန်ုပ်​သည် ဤ​အရာ​နှစ်ခု​ကြားတွင် အခက်တွေ့နေ၏။ ဤ​ဘဝ​ကို စွန့်ခွာ​ပြီး ခရစ်တော်​နှင့် အတူ​ရှိနေ​ရန် ကျွန်ုပ်​တောင့်တ၏။ ထို​အရာ​သည် ကျွန်ုပ်​အတွက် ပို၍​ကောင်း၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် မိမိ​၏ ကောင်းကင်တမန်များ​နှင့်အတူ ပြန်လည်​ကြွလာတော်မူ​သောအခါ သင်တို့​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင် ရှေ့တော်​၌ အပြစ်ဆိုဖွယ်​မရှိဘဲ သန့်ရှင်းနေ​ရန် သခင်ဘုရား​သည် သင်တို့​၏ စိတ်​ကို ခိုင်ခံ့မြဲမြံ​အောင် ပြုတော်မူပါစေသော။


သခင်ဘုရား​၏ စကားတော်​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ပြောပြ​လို၏။ သခင်ဘုရား​ပြန်လည်​ကြွလာသည့်​တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့​သည် သေဆုံးသွား​သူများ​ထက် စော​၍ ခရစ်တော်​ကို တွေ့ဆုံကြမည်​မဟုတ်။


ထို့ကြောင့် ဤ​စကားများ​ဖြင့် အချင်းချင်း​အားပေးကြလော့။


သခင်​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​တို့​အတွက် အသေခံခဲ့​သောကြောင့် ကျွန်ုပ်တို့​သည် အသက်ရှင်​ဆဲ​ရှိသည်​ဖြစ်စေ၊ သေလွန်ပြီးသည်​ဖြစ်စေ ထို​သခင်​နှင့်​အတူ အသက်ရှင်ကြ​လိမ့်မည်။


သို့သော် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ ကတိတော်​အတိုင်း ဖြောင့်မတ်ခြင်းတရား​တည်ရှိရာ ကောင်းကင်သစ်​နှင့် မြေကြီးသစ်​ကို စောင့်မျှော်နေကြ၏။


ကြည့်ရှုလော့။ ကိုယ်တော်​သည် မိုးတိမ်များ​ဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်​ကို လှံ​နှင့် ထိုးဖောက်ခဲ့သူများ​အပါအဝင် လူတိုင်း​က မြင်ကြရ​လိမ့်မည်။ ကမ္ဘာလောက​ရှိ လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​ကြောင့် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထို​အရာ​သည် အမှန်​ပင်​ဖြစ်၏။ အာမင်။


ထိုအခါ ကောင်းကင်ဘုံ​မှ “ဤ​အရပ်​သို့ တက်လာလော့” ဟု ကျယ်လောင်သော​ခေါ်သံ​ကို ထို​ပရောဖက်​နှစ်ပါးတို့​ကြားရ၏။ ရန်သူတို့​သည် သူတို့​ကို​ကြည့်ရှု​စဉ်တွင် သူတို့​သည် မိုးတိမ်​ခြုံလွှမ်း​လျက် ကောင်းကင်​သို့ တက်သွားကြ၏။


ထို​အမျိုးသမီး​သည် လူမျိုး​အပေါင်းတို့​ကို သံ​လှံတံ​ဖြင့် အုပ်စိုးမည့် သားယောက်ျား​ကို မွေးဖွား၏။ ထို​သားငယ်​သည် ဘုရားသခင်​ထံသို့​လည်းကောင်း၊ ကိုယ်တော်​၏ ရာဇပလ္လင်တော်​ပေါ်သို့​လည်းကောင်း ချီယူသွားခြင်း​ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ