Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 3:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် သင်တို့​ထံ ကျွန်ုပ်တို့ လာ​နိုင်ရန် လမ်းဖွင့်​ပေးတော်မူပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏ အ​ရှင်​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့​ငါ တို့​လာ​ရောက်​နိုင်​ကြ​စေ​ရန်​လမ်း​ဖွင့်​ပေး တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ငါ တို့ အ ဘ ဘု ရား သ ခင် ကိုယ် တော် တိုင် နှင့် ငါ တို့ အ ရှင် ယေ ရှု သည် ငါ တို့ ကို သင် တို့ ထံ ပို့ တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့​ရှိ​ရာ​သို့ ငါ​တို့​သွား​ရာ​လမ်း​ကို ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​၏​သခင်​ယေရှု​သည် သင်​တို့​ထံသို့ ငါ​တို့​လာ​မည့်​လမ်း​ခရီး​ကို ပြင်ဆင်​ပေး​တော်မူ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 3:11
28 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် တစ်ပါးသူတို့​၏ အပြစ်များ​ကို ခွင့်လွှတ်​လျှင် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည်လည်း သင်တို့​၏ အပြစ်များ​ကို ခွင့်လွှတ်တော်မူ​လိမ့်မည်။


ထိုသို့​ပြုလျှင် သင်​အစာရှောင်နေကြောင်း​ကို မည်သူ​မျှ သိမည်​မဟုတ်။ သို့သော်လည်း လူ့​မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​သည် သိမြင်တော်မူ၏။ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


မိုးကောင်းကင်​တွင် ပျံသန်းသော​ငှက်များ​ကို ကြည့်လော့။ ထို​ငှက်တို့​သည် မျိုးမကြဲ။ အစာ​ကို​ကျီ​၌ မသိုလှောင်။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် ထို​ငှက်တို့​ကို ကျွေးမွေးတော်မူ၏။ သင်တို့​သည် ထို​ငှက်များ​ထက် ပို​၍ အဖိုးထိုက်တန်ကြသည် မဟုတ်လော။


ဘုရားသခင်​ကို မကိုးကွယ်သော​သူတို့​သည် ထို​အရာများ​ကို ကြိုးစား​ရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် ထို​အရာများ​ကို သင်တို့​လိုအပ်ကြောင်း အမှန်​သိမြင်တော်မူ၏။


ထိုသို့​ပြု​လျှင် အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


သို့ရာတွင် သင်​သည် ဆုတောင်း​သောအခါ အခန်း​ထဲသို့ ဝင်​၍ တံခါး​ကို ပိတ်ပြီး​လျှင် မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​ထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


တောကန္တာရ​၌ လူတစ်ဦး ကြွေးကြော်​လျက်​နေ၏။ ထို​သူ​၏ အသံ​မှာ ‘ထာဝရဘုရား​ကြွလာမည့်​လမ်းတော်​ကို အသင့်​ပြင်ဆင်ကြလော့။ ထို​အရှင်​၏​လမ်းတော်​ကို ဖြောင့်ဖြူး​စေကြလော့’ ဟူ၍ ဖြစ်၏” ဟု ရေးသားထား၏။


ဘုရားသခင်​ကို မကိုးကွယ်သော​လောကီ​လူသားများ​အားလုံး​သည် ထို​အရာများ​ကို ကြိုးစား​ရှာဖွေတတ်ကြ၏။ သို့ရာတွင် သင်တို့​၏​ကောင်းကင်ဘုံရှင်​အဖ​သည် ထို​အရာများ​ကို သင်တို့​လိုအပ်ကြောင်း သိမြင်တော်မူ၏။


အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏​သားတော်​အကြောင်း ဖြစ်၏။ ထို​သားတော်​သည် လူသား​အဖြစ် ဒါဝိဒ်မင်း​၏​မျိုးနွယ်​မှ မွေးဖွား​လာတော်မူခဲ့၏။


ငါ​သည် သင်တို့​၏ အဖ​ဖြစ်မည်။ သင်တို့​သည် ငါ​၏ သားသမီးများ​ဖြစ်ကြ​လိမ့်မည်” ဟု အနန္တ​တန်ခိုးရှင် ထာဝရဘုရား​မိန့်တော်မူ၏။


ခရစ်တော်​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင်​၏ အလိုတော်​အတိုင်း ဤ​ဆိုးညစ်သော​ကာလ​ထဲမှ ကျွန်ုပ်တို့​ကို ကယ်နုတ်​ရန် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသက်​ပေးတော်မူ၏။


ယေရှု​ခရစ်တော်​နောက်သို့ သစ္စာရှိ​စွာ​လိုက်သော ကောလောသဲမြို့သား ယုံကြည်သူများ​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် မိမိ​၏ ကောင်းကင်တမန်များ​နှင့်အတူ ပြန်လည်​ကြွလာတော်မူ​သောအခါ သင်တို့​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင် ရှေ့တော်​၌ အပြစ်ဆိုဖွယ်​မရှိဘဲ သန့်ရှင်းနေ​ရန် သခင်ဘုရား​သည် သင်တို့​၏ စိတ်​ကို ခိုင်ခံ့မြဲမြံ​အောင် ပြုတော်မူပါစေသော။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ ကြွေးကြော်​အမိန့်ပေးသံ​နှင့်တကွ ကောင်းကင်တမန်မင်း​၏​အသံ၊ ဘုရားသခင်​၏​တံပိုးတော်​မှုတ်သံ​တို့​ဖြင့် သခင်ဘုရား​ကိုယ်တိုင် ကောင်းကင်​က ဆင်းကြွလာ​သောအခါ ခရစ်တော်​ကို ယုံကြည်​လျက် သေလွန်သော​ယုံကြည်သူများ​သည် ဦးစွာ​ထမြောက်ကြမည်။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည်


ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို သင်တို့​နားလည်သဘောပေါက်​စေရန်​နှင့် ခရစ်တော်​ကဲ့သို့ သည်းခံတတ်​စေရန် သခင်ဘုရား​သည် သင်တို့​ကို လမ်းညွှန်တော်မူပါစေသော။


ခမည်းတော်​သည် ကျွန်ုပ်တို့​ကို မည်မျှ​ချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့​သည် “ဘုရားသခင်​၏​သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့​သည် အမှန်ပင် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြ၏။ လောကီသားတို့​သည် ဘုရားသခင်​ကို မသိ​သောကြောင့် ကျွန်ုပ်တို့​ကိုလည်း မသိကြ။


ထို့နောက် ရာဇပလ္လင်တော်​မှ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာ​နေရာ​သည် လူတို့​တွင် ရှိ​၍ သူတို့​နှင့်အတူ စံမြန်းတော်မူမည်။ သူတို့​သည် ကိုယ်တော်​၏​လူများ​ဖြစ်ကြပြီး ဘုရားသခင်​ကိုယ်တိုင် သူတို့​နှင့်အတူ ရှိနေ​၍ သူတို့​၏​ဘုရားသခင် ဖြစ်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ