ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 7:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။ Common Language Bible ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။ Garrad Bible ပင့် ခေါ် သူ ဖာ ရိ ရှဲ မြင် သော် ဤ သူ သည် ပ ရော ဖက် မှန် လျှင် ယ ခု သုံး သပ် သော မိန်း မ မှာ အ ပြစ် ရှိ၍ မည် သို့ သော မိန်း မ ဖြစ် သည် ကို သိ မြင် လေ ပြီ ဟု အောက် မေ့ သ ဖြင့်၊ Judson Bible ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။ မြန်မာ ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။ |
ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊
သူက ‘ငါ၏ကောက်ပဲသီးနှံများကို သိုလှောင်ရန် နေရာမရှိတော့ပြီ။ ထို့ကြောင့် မည်သို့ ပြုလုပ်ရမည်နည်း’ ဟူ၍ တစ်ကိုယ်တည်း တွေးတောလေ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
ထိုစီမံခန့်ခွဲသူက ‘ငါသည် မည်သို့ပြုရမည်နည်း။ သူဌေးသည် ငါ့အား စီမံခန့်ခွဲသည့်အလုပ်မှ ထုတ်လေပြီ။ ငါသည် အလုပ်ကြမ်းလုပ်ရန် ခွန်အားမရှိ။ တောင်းစားရန်လည်း ရှက်ရွံ့၏။
တရားသူကြီးသည် တရားမစီရင်ဘဲ အချိန်အတန်ကြာသည်အထိ လျစ်လျူရှုလေ၏။ သို့သော် သူက ‘ငါသည် ဘုရားသခင်ကို မကြောက်၊ လူကို အလေးမထားသော်လည်း
အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်အားဖြင့် သက်သေထူကြလော့။ ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်းဆင်းတော်မူနိုင်၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ယေရှုသည် ဖာရိရှဲအိမ်၌ စားသောက်နေကြောင်းကို ထိုမြို့ရှိ အပြစ်များသော အမျိုးသမီးတစ်ဦးသည် သိရှိလျှင် ဆီမွှေးထည့်ထားသောကျောက်ဖြူဘူးတစ်လုံးကို ယူခဲ့လေ၏။
သူသည် ကိုယ်တော်၏နောက်ဘက်ခြေတော်ရင်း၌ ရပ်၍ ငိုကြွေးလျက် ခြေတော်ကို မျက်ရည်ဖြင့် ဆေးကာ သူ၏ဆံပင်ဖြင့် သုတ်၏။ ထို့နောက် ကိုယ်တော်၏ခြေတော်ကို အဆက်မပြတ်နမ်းရှုပ်လျက် ဆီမွှေးဖြင့် သုတ်လိမ်းပေးလေ၏။
ယေရှုက ထိုသူအား “ရှိမုန်… ငါသည် သင့်အားပြောစရာတစ်ခုရှိ၏” ဟူ၍ မိန့်တော်မူလျှင် ရှိမုန်ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။
လူထု အထဲတွင်လည်း ကိုယ်တော်အကြောင်းကို အမျိုးမျိုးတီးတိုးပြောဆိုလျက်ရှိကြ၏။ တချို့က “သူသည် သူတော်ကောင်းတစ်ဦးဖြစ်သည်” ဟု ဆိုကြ၏။ တချို့ကမူ “သူတော်ကောင်း မဟုတ်။ သူသည် လူထုကို လှည့်ဖြားသူဖြစ်သည်” ဟု ဆိုကြ၏။
ထို့ကြောင့် သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ် ခေါ်၍ “ဤအရာအတွက် ဘုရားသခင်ရှေ့တော်တွင် အမှန်အတိုင်း ပြောလော့။ ထိုယေရှုသည် အပြစ်သားဖြစ်ကြောင်း ငါတို့သိကြ၏” ဟု ဆိုကြ၏။