Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 7:39 - မြန်မာ

39 ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ပင့် ခေါ် သူ ဖာ ရိ ရှဲ မြင် သော် ဤ သူ သည် ပ ရော ဖက် မှန် လျှင် ယ ခု သုံး သပ် သော မိန်း မ မှာ အ ပြစ် ရှိ၍ မည် သို့ သော မိန်း မ ဖြစ် သည် ကို သိ မြင် လေ ပြီ ဟု အောက် မေ့ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ထိုသို့​ပြုသည်​ကို ယေရှု​အား ဖိတ်ခေါ်သူ ဖာရိရှဲ​သည် မြင်လေသော် “ဤ​သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်လျှင် သူ့​အား​ထိနေသော ထို​အမျိုးသမီး​သည် မည်သူ​ဖြစ်ကြောင်း​နှင့် မည်သို့သော​သူ ဖြစ်ကြောင်း​ကို သိရမည်။ ဤ​အမျိုးသမီး​သည် အပြစ်များသော အမျိုးသမီး​ဖြစ်သည်” ဟု မိမိ​စိတ်ထဲ​၌ တွေးတောလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:39
25 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-


ဖာ​ရိ​ရှဲ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် ဆိုး​သော​သူ​တို့​ကို​လက်​ခံ၍ သူ​တို့​နှင့်​အ​တူ စား​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-


လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊-


ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊-


လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​အ​ကြောင်း​ပြု၍ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ၏။ အ​ချို့​တို့​က၊ သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​တို့​က၊ သူ​တော်​ကောင်း​မ​ဟုတ်၊ လူ​များ​ကို​လှည့်​ဖြား​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ၏။-


ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။-


တ​ရား​မ​စီ​ရင်​ဘဲ ကြာ​မြင့်​စွာ​နေ၏။ ထို​နောက် တ​ရား​သူ​ကြီး​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော​သူ ဖြစ်​သော်​လည်း၊-


ထို​အ​ခါ ဘ​ဏ္ဍာ​စိုး​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​အ​ရာ​ကို နုတ်​လေ​ပြီ။ လယ်​လုပ်​ခြင်း​ငှာ မ​စွမ်း​နိုင်။ သူ​တောင်း​စား လုပ်​ခြင်း​ငှာ ရှက်​ကြောက်၏။-


ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊-


နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။-


ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။-


ထို​နည်း​တူ နောက်​ကျ​သော​သူ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​တို့​သည် နောက်​ကျ ကြ​လိမ့်​မည်။ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။-


လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။


နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-


ယေ​ရှု​က​လည်း၊ အ​ချင်း​ရှိ​မုန်၊ သင့်​အား ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ