လုကာ 7:39 - Common Language Bible39 ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။ အခန်းကိုကြည့်ပါ။Garrad Bible39 ပင့် ခေါ် သူ ဖာ ရိ ရှဲ မြင် သော် ဤ သူ သည် ပ ရော ဖက် မှန် လျှင် ယ ခု သုံး သပ် သော မိန်း မ မှာ အ ပြစ် ရှိ၍ မည် သို့ သော မိန်း မ ဖြစ် သည် ကို သိ မြင် လေ ပြီ ဟု အောက် မေ့ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible39 ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း39 ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း39 ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ39 ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။
ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-