အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
လုကာ 1:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသားသည် အလွန်ကြီးမြတ်သူ ဖြစ်လာ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသားတော်အား သူ၏ဖခင်ကြီးဖြစ်သော ဒါဝိဒ်မင်း၏ရာဇပလ္လင်ကို ပေးအပ်တော်မူလိမ့်မည်။ Common Language Bible ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။- Garrad Bible ထို သူ သည် ကြီး မြတ်၍ မြင့် မြတ် သော အ ရှင်၏ သား တော် ဟု အ ခေါ် ခံ လျက် သူ့ အ ဘ ဒါ ဝိဒ် မင်း၏ နန်း မွေ ကို ထာ ဝ ရ ဘု ရား သ ခင် ပေး တော် မူ သ ဖြင့်၊ Judson Bible ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍ မြန်မာ ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- |
အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
တရားစီရင်တော်မူသောနေ့တွင် တောင်ပိုင်းမိဖုရားသည် ဤမျိုးဆက်နှင့်အတူ ထမြောက်၍ ဤမျိုးဆက်အား အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ရန် ဝေးလံသောအရပ်မှ ရောက်လာသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ရှောလမုန်မင်းကြီးထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ရှိ၏။ သို့သော် သင်တို့သည် ထိုသူ၏ စကားကို နားထောင်ရန် ငြင်းဆိုကြ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
သို့ရာတွင် ယေရှုသည် မေးခွန်းကို ဖြေတော်မမူဘဲ တိတ်ဆိတ်စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသော ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော” ဟု ယေရှုအား မေးလေ၏။
“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။
အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
အို သူငယ်… သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။
ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
သူသည် ပေါလုနှင့် ကျွန်ုပ်တို့နောက်သို့ လိုက်၍ “ဤသူတို့သည် အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကို ဟောပြောရန် ရောက်ရှိလာကြပြီ” ဟု အော်ဟစ်ပြောဆိုလေ၏။
သူသည် ပရောဖက်တစ်ပါးဖြစ်၍ ဘုရားသခင်သည် သူ၏မျိုးဆက်များထဲမှ တစ်ဦးကို သူ၏ရာဇပလ္လင်ပေါ်တွင် ထိုင်စေလိမ့်မည်ဟု သစ္စာနှင့် ကျိန်ဆိုတော်မူသည်ကို သိခဲ့ပြီးဖြစ်၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
သို့သော် အမြင့်မြတ်ဆုံးသောဘုရားသည် လူသားတို့လက်ဖြင့် ဆောက်လုပ်သောအိမ်တော်တွင် မစံမြန်းပေ။ ထိုသို့ ထာဝရဘုရားက ပရောဖက်တစ်ပါးအားဖြင့် ဟောသည်မှာ
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။