လုကာ 1:32 - မြန်မာ32 ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- အခန်းကိုကြည့်ပါ။Common Language Bible32 ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible32 ထို သူ သည် ကြီး မြတ်၍ မြင့် မြတ် သော အ ရှင်၏ သား တော် ဟု အ ခေါ် ခံ လျက် သူ့ အ ဘ ဒါ ဝိဒ် မင်း၏ နန်း မွေ ကို ထာ ဝ ရ ဘု ရား သ ခင် ပေး တော် မူ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible32 ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း32 ထိုသားသည် အလွန်ကြီးမြတ်သူ ဖြစ်လာ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသားတော်အား သူ၏ဖခင်ကြီးဖြစ်သော ဒါဝိဒ်မင်း၏ရာဇပလ္လင်ကို ပေးအပ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်။-