Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 တရားစီရင်တော်မူသော​နေ့​တွင် တောင်ပိုင်း​မိဖုရား​သည် ဤ​မျိုးဆက်​နှင့်အတူ ထမြောက်​၍ ဤ​မျိုးဆက်​အား အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မိဖုရား​သည် ရှောလမုန်မင်းကြီး​၏ ပညာစကား​ကို နားထောင်​ရန် ဝေးလံသော​အရပ်​မှ ရောက်လာ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုလော့။ ရှောလမုန်​မင်းကြီး​ထက် ကြီးမြတ်သော​သူ​သည် ဤ​အရပ်​၌ ရှိ၏။ သို့သော် သင်တို့​သည် ထို​သူ​၏ စကား​ကို နားထောင်​ရန် ငြင်းဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 ရှော လ မုန် မင်း၏ ညာဏ် ပ ညာ စ ကား ကို ကြား နာ ခြင်း ငှာ မြေ ကြီး အ စွန်း အ ဖျား က ရောက် လာ သော တောင် ပြည့် ရှင် ဘု ရင် မ လည်း ထို ကာ လ၌ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် လိမ့် မည်။ ရှော လ မုန် မင်း ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:42
22 ပူးပေါင်းရင်းမြစ်များ  

တရားစီရင်တော်မူသော​နေ့​တွင် နိနဝေမြို့သားတို့​သည် ဤ​မျိုးဆက်တို့​နှင့်အတူ ထ​၍ ဤ​မျိုးဆက်​ကို အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မြို့သားတို့​သည် ယောန​၏ ဟောပြောခြင်း​အားဖြင့် သူတို့​၏ အပြစ်များ​မှ နောင်တရကြ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုလော့။ ယောန​ထက်​ကြီးမြတ်​သူ​သည် ဤ​အရပ်​၌ ရှိ၏။ သို့သော် သင်တို့​သည် နောင်တရ​ရန် ငြင်းဆိုကြ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဗိမာန်တော်​ထက် သာ​၍ ကြီးမြတ်သူ​သည် ဤ​နေရာ​၌ ရှိ၏။


ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


ထိုအခါ ကောင်းကင်​မှ “ဤ​သူ​သည် ငါ​နှစ်သက်​မြတ်နိုးသော ငါ​၏​ချစ်သား​ဖြစ်၏” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်​၏ ရင်ခွင်တော်​၌ ရှိသည့် တစ်ပါးတည်းသော​သားတော်​သည် ဘုရားသခင်​ကို ကျွန်ုပ်တို့​သိမြင်​နိုင်ရန် ဖော်ပြတော်မူပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ