Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 1:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 သူ​သည် အစ္စရေး​လူမျိုးများ​ကို ထာဝရ​အုပ်စိုး​လိမ့်မည်။ သူ​၏​နိုင်ငံတော်​သည်လည်း အဆုံး​မရှိ တည်​လိမ့်မည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ယာ ကုပ် အ နွယ် ပေါ် တွင် ကာ လ အ စဉ် အုပ် စိုး ၍ အ ဆုံး မဲ့ နိုင် ငံ တော် ကို ပိုင် ရ လိမ့် မည် ဟု မြွက် ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 1:33
28 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​နှင့် ဒါဝိဒ်မင်း​တို့​ထံမှ ဆင်းသက်တော်မူသော ယေရှု​ခရစ်တော်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​မှာ အောက်ပါအတိုင်း​ဖြစ်၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


မာရိ​ကလည်း ကောင်းကင်တမန်​အား “ကျွန်မ​သည် အပျိုစင်​ဖြစ်​သောကြောင့် ဤ​အခြင်းအရာ​သည် မည်သို့​ဖြစ်လိမ့်မည်နည်း” ဟု မေး၏။


သို့ရာတွင် ဘုရားသခင်​သည် အစ္စရေးလူမျိုးတို့​အား ပေးခဲ့သော​ကတိတော်​ကို တည်​ရန် ပျက်ကွက်​တော်မူသလော။ ပျက်ကွက်​တော်မမူ။ အဘယ်ကြောင့်ဆိုသော် အစ္စရေး​လူမျိုး တစ်မျိုးလုံး​သည် ဘုရားသခင်​၏ လူမျိုး​အစစ်အမှန် ဖြစ်သည်​ဟု မဆိုနိုင်​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​လျှင် အာဗြဟံ​၏ အမျိုးအနွယ်​ပင် ဖြစ်​၍ ဘုရားသခင်​ကတိပြုတော်မူသည့်​အတိုင်း အမွေခံများ​ဖြစ်ကြ၏။


ဤ​အခြေခံ​သဘောတရား​ကို လက်ခံ​ကျင့်သုံးသော​သူတို့​အပေါ်​သို့ ဘုရားသခင်​ထံတော်​မှ​လာသော ငြိမ်းချမ်းခြင်း​နှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထို​သူတို့​မှာ ဘုရားသခင်​၏ လူမျိုးတော်​အစ္စရေးလူမျိုးများ ဖြစ်ကြ၏။


ထို​သူတို့​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထား​သောကြောင့် မိမိတို့​ကိုယ်ကိုယ် ဘုရားသခင်​၏ လူများ​ဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့​သာလျှင် ဘုရားသခင်​၏ စစ်မှန်သော​လူများ​ဖြစ်ကြ၏။ ကျွန်ုပ်တို့​သည် ဝိညာဉ်တော်​၏ အကူအညီ​ဖြင့် ဘုရားသခင်​ကို ကိုးကွယ်​၍ လူ့​အားထုတ်မှု​အပေါ် အားမကိုးဘဲ ယေရှု​ခရစ်တော် ပြုပေးသော အမှု​အပေါ် အားကိုးကြ၏။


သို့သော် သားတော်​နှင့် ပတ်သက်၍ “အို ဘုရားသခင်… ကိုယ်တော်​၏​ရာဇပလ္လင်​သည် ထာဝရ​တည်တံ့၏။ ကိုယ်တော်​၏​နိုင်ငံတော်​သည် တရားမျှတမှု​ဖြင့် အုပ်စိုးသော​နိုင်ငံ ဖြစ်ပါ၏။


သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ “ဤ​လောကီ​နိုင်ငံ​သည် ယခု ငါတို့​အရှင်​နှင့် ထို​အရှင်​၏​ခရစ်တော်​စိုးပိုင်သော​နိုင်ငံ​ဖြစ်လေပြီ။ ကိုယ်တော်​သည် အစဉ်​ထာဝရ​အုပ်စိုးတော်မူ​လိမ့်မည်” ဟု ကောင်းကင်​မှ ကျယ်လောင်​စွာ ပြောဆိုသံများ​ထွက်ပေါ်လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ