အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 8:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် အသက်​ပေးပိုင်တော်မူသော ဝိညာဉ်တော်​၏ တရား​သည် ယေရှု​ခရစ်တော်​အားဖြင့် သင့်​ကို အပြစ်တရား​နှင့် သေခြင်းတရား​၏ လက်​မှ လွတ်မြောက်စေ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။



ရော​မ 8:2
29 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင့်​အတွက် ဘုရားသခင်​ပေးတော်မူမည့် လက်ဆောင်​ကို​လည်းကောင်း၊ သင့်​ထံမှ သောက်ရေ​ကို တောင်းသောသူ​သည် မည်သူ​ဖြစ်ကြောင်း​ကို​လည်းကောင်း သင်​သိ​ပါက သင်​သည် ငါ့​ထံမှ ရေ​ကို တောင်း​လိမ့်မည်။ ငါ​သည်လည်း အသက်ရေ​ကို သင့်​အား ပေး​လိမ့်မည်” ဟု ဖြေတော်မူ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။


သမ္မာတရား​ကိုလည်း သိ​သဖြင့် ထို​သမ္မာတရား​သည် သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သားတော်​သည် သင်တို့​ကို လွတ်မြောက်စေ​ပါက သင်တို့​သည် အမှန်တကယ်​လွတ်မြောက်ကြ​လိမ့်မည်။


ယေရှု​ခရစ်တော်​၏ အမှုတော်​ကို ဆောင်ရွက်သည့် ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြသော ပြစ်ကိလ​နှင့် အာကုလ​တို့​ကို နှုတ်ဆက်ပေးကြလော့။


သို့ဖြစ်လျှင် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​အတွက် ကြွားဝါစရာ​ရှိသလော။ မရှိပါ။ ထို​ကြွားဝါစရာ​သည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံး​သောကြောင့်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်​သောကြောင့်​သာ ဖြစ်၏။


ဤသို့ဖြင့် အပြစ်တရား​သည် သေခြင်းတရား​အားဖြင့် အုပ်စိုးခဲ့​သကဲ့သို့ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို ရရှိ​စေရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည်လည်း ဖြောင့်မတ်ခြင်းတရား​အားဖြင့် အုပ်စိုးတော်မူ၏။


သင်တို့​သည် ပညတ်တရား​၏ လက်အောက်​၌ အသက်​မရှင်တော့ဘဲ ဘုရားသခင့်​ကျေးဇူးတရား​၏ လွပ်လပ်မှု​အောက်​တွင် အသက်ရှင်​သဖြင့် အပြစ်တရား​သည် သင်တို့​၏ အရှင်သခင်​မဟုတ်တော့ပေ။


ယခု​တွင် သင်တို့​သည် အပြစ်တရား​၏​ကျွန်​အဖြစ်​မှ လွတ်မြောက်​၍ ဖြောင့်မတ်ခြင်းတရား​၏​ကျွန် ဖြစ်လာကြပြီ။


သို့သော် ယခု​သင်တို့​သည် အပြစ်တရား​လက်​မှ လွတ်မြောက်​၍ ဘုရားသခင်​၏​ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခု​သင်တို့​သည် သန့်ရှင်းခြင်း​အကျိုး​ကို ရကြ၏။ အဆုံး​၌ ထာဝရ​အသက်​ကို ရကြ၏။


ထို့ကြောင့် ကောင်းသော​အပြုအမူ​ကို ပြုလိုသော ကျွန်ုပ်​၌ မကောင်းသော​အပြုအမူ ရှိနေသည်​ဟူသော သဘောတရား​ကို ကျွန်ုပ်​တွေ့ရ၏။


သို့သော်လည်း ကျွန်ုပ်​၏​စိတ်​က နှစ်သက်သော​သဘောတရား​နှင့် ဆန့်ကျင်​တိုက်ခိုက်နေသည့် အခြား​သဘောတရား​တစ်ခု​သည် ကျွန်ုပ်​အတွင်း​၌ ရှိနေ၏။ ထို​သဘောတရား​က ကျွန်ုပ်​အတွင်း​၌ ကိန်းအောင်း​လျက် ရှိနေသေးသော အပြစ်တရား​၏​လက်အောက်​သို့ ကျရောက်စေသည်​ကို ကျွန်ုပ်​မြင်ရ၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ခရစ်တော်​နှင့်အတူ သေ​သဖြင့် ပညတ်တရား​အောက်၌ အသက်ရှင်ရသော​ဘဝ​ကိုလည်း အဆုံးသတ်ပြီ​ဖြစ်၏။ ယခု သင်တို့​သည် ဘုရားသခင်​အတွက် ကောင်းသော​အကျင့်​ကို ကျင့်​နိုင်ရန် သေခြင်း​မှ​ရှင်ပြန်ထမြောက်တော်မူသော အရှင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ၏။


ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


ကျမ်းစာ​၌ “ပထမဆုံး​လူ​အာဒံ​သည် အသက်ရှင်သောသူ​ဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံး​အာဒံ​သည် အသက်​ရှင်စေသော ဝိညာဉ်​ဖြစ်၏။


သခင်ဘုရား​သည် ဝိညာဉ်တော်​ဖြစ်တော်မူ​ပြီး သခင်ဘုရား​၏ ဝိညာဉ်တော်​ရှိသော အရပ်​၌ လွတ်လပ်မှု​ရှိ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကျွန်ုပ်​လိုက်နာ​ရန် ကြိုးပမ်း​သောအခါ ထို​ပညတ်တရား​သည် ကျွန်ုပ်​ကို သေစေခဲ့​သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် ပညတ်တရား​၌ သေလူ​ဖြစ်ပြီး ဘုရားသခင်​အတွက် အသက်ရှင်​နိုင်ရန် ပညတ်တရား​၏ ပြဋ္ဌာန်းချက်များ​ကို လိုက်နာ​ရန် မကြိုးပမ်းတော့ပေ။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


အချင်းချင်းတို့​၏ ဝန်ထုပ်ဝန်ပိုးများ​ကို ကူညီ​ထမ်းရွက်ကြလော့။ ဤသို့​ပြုခြင်း​အားဖြင့် သင်တို့​သည် ခရစ်တော်​၏ တရားတော်​ကို လိုက်နာ​လိမ့်မည်။


သို့သော် လွတ်လပ်ခြင်း​သို့ ရောက်စေသည့် ပြီးပြည့်စုံသော တရားတော်​ကို ဆက်လက်​၍ ဂရုတစိုက် ကြည့်ရှုသူ​သည် ကြားနာရသည်​ကို မမေ့လျော့ဘဲ လိုက်နာ​ကျင့်သုံးသောသူ​ဖြစ်လျှင် ထိုသို့​ပြု​သောကြောင့် ဘုရားသခင်​သည် ထို​သူ​ကို ကောင်းချီးပေးတော်မူ​လိမ့်မည်။


သို့သော် သုံးရက်ခွဲ​ကြာ​ပြီးနောက် ဘုရားသခင်​ထံမှ အသက်​ဝိညာဉ်​သည် ထို​သူတို့​ထဲသို့ ဝင်ရောက်​၍ သူတို့​သည် ထရပ်ကြ၏။ ထို​နှစ်ပါး​ကို မြင်သော​လူတို့​သည် ထိတ်လန့်ကြ၏။


ထိုအခါ ကောင်းကင်တမန်​သည် ကျောက်သလင်း​ကဲ့သို့ ကြည်လင်သည့် အသက်ရေ​စီးသော​မြစ်​ကို ကျွန်ုပ်​အား ပြ၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့် သိုးသငယ်တော်​၏ ရာဇပလ္လင်​မှ စီးထွက်​၍