ရောမ 8:2 - Common Language Bible2 အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible2 အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible2 ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း၊ ငါ့ကိုကယ်လွှတ်ပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွားကြသောအခါ ဘီးတို့သည်လည်းသတ္တဝါများပြုသည့်အတိုင်းအထက်သို့တက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါများလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်းသည့်အခါလေထဲသို့တက်ကြသည့်အခါ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြုကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။