ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်းချမ်းခြင်းသည် ထိုအိမ်အပေါ် သက်ရောက်လိမ့်မည်။ မထိုက်တန်ပါက ထိုငြိမ်းချမ်းခြင်းသည် သင်တို့ထံ ပြန်လာလိမ့်မည်။
ရောမ 2:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကဲ့သို့ပင် ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကောင်းမှုပြုသူအပေါင်းတို့အား ဘုရားသခင်သည် ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် ငြိမ်းချမ်းခြင်းတို့ကို ခံစားစေတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်ဦးစွာယုဒလူ၊ ထို့နောက်လူမျိုး ခြားတို့အနက်သုစရိုက်ကိုပြုသူတို့အား ဘုရားသခင်သည်ဘုန်းအသရေကိုလည်း ကောင်း၊ ငြိမ်သက်ခြင်းကိုလည်းကောင်းခံစား စေတော်မူလိမ့်မည်။- Garrad Bible ဦး စွာ ယု ဒ လူ မျိုး၊ နောက် လူ မျိုး ခြား တို့ အ နက် သု စ ရိုက် ပြု သူ တိုင်း၌ ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ ချမ်း သာ ခြင်း ရောက် လ တ္တံ့။ Judson Bible ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ဘုန်းတော်၊ ဂုဏ်တော်နှင့် ငြိမ်သက်ခြင်းတို့မူကား ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ကောင်းသောအမှုကိုပြုသောသူအပေါင်းတို့အပေါ်သို့ သက်ရောက်လိမ့်မည်။ |
ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်းချမ်းခြင်းသည် ထိုအိမ်အပေါ် သက်ရောက်လိမ့်မည်။ မထိုက်တန်ပါက ထိုငြိမ်းချမ်းခြင်းသည် သင်တို့ထံ ပြန်လာလိမ့်မည်။
ထိုအလင်းသည် အမှောင်ထုနှင့် သေခြင်းတရား၏ အရိပ်အောက်တွင် နေထိုင်သောသူများအပေါ် ထွန်းလင်း၍ အကျွန်ုပ်တို့၏ခြေကို ငြိမ်းချမ်းခြင်းလမ်းထဲသို့ လမ်းညွှန်တော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
“အသင်မြို့တော်… သင်၏ငြိမ်းချမ်းသာယာမှုကို ဖြစ်စေသည့်အရာများကို ယနေ့ပင် သင်သည် သိမြင်ခဲ့ပါက မင်္ဂလာရှိ၏။ သို့သော် ယခုမှာမူ ထိုအရာများကို သင်၏မျက်စိရှေ့မှ ဝှက်ထားလျက်ရှိ၏။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
မည်သည့်လူမျိုးမဆို ဘုရားသခင်အား ကြောက်ရွံ့၍ မှန်ကန်စွာ လုပ်ဆောင်သောသူဖြစ်လျှင် ဘုရားသခင်လက်ခံတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ၊ မကောင်းမှုပြုသူမှန်သမျှတို့သည် ဒုက္ခဆင်းရဲနှင့်အခက်ခဲကို ကြုံတွေ့ကြရလိမ့်မည်။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။
အိုးလုပ်သူသည် ရွှံ့ဖြင့် အိုးကို ပြုလုပ်သောအခါ ထိုရွှံ့တုံး တစ်ခုတည်းမှ အိုးကောင်း၊ အိုးညံ့ စသဖြင့် ပြုလုပ်ပိုင်ခွင့်ရှိသည် မဟုတ်လော။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ထိုသို့ပြုလျှင် လူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သော ဘုရားသခင်၏ ငြိမ်းချမ်းခြင်းက သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးနှင့် အကြံအစည်တို့ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေတော်မူ၏။ ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်တော်မူ၍ ကိုယ်တော်ဖန်ဆင်းသည့် အရာအားလုံးအပေါ်တွင် အုပ်စိုးစေတော်မူ၏။
သူ၏ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်ခြင်းနှင့်အတူ ဆောင်ရွက်သည်ကို သင်သိမြင်ရပြီး ထိုလုပ်ဆောင်ခြင်းဖြင့် သူ၏ယုံကြည်ခြင်းသည် ပြီးပြည့်စုံ၏။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ပညာမှလာသော နူးညံ့သိမ်မွေ့မှုဖြင့် လုပ်ဆောင်သည့် အကျင့်အားဖြင့် ကောင်းသောပြုမူနေထိုင်ပုံဖြင့် သက်သေပြစေ။
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မမှေးမှိန်သောဘုန်းအသရေရှိသည့် ဆုသရဖူကို သင်တို့ရရှိကြလိမ့်မည်။