ရောမ 2:10 - Common Language Bible10 သို့ရာတွင်ဦးစွာယုဒလူ၊ ထို့နောက်လူမျိုး ခြားတို့အနက်သုစရိုက်ကိုပြုသူတို့အား ဘုရားသခင်သည်ဘုန်းအသရေကိုလည်း ကောင်း၊ ငြိမ်သက်ခြင်းကိုလည်းကောင်းခံစား စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible10 ဦး စွာ ယု ဒ လူ မျိုး၊ နောက် လူ မျိုး ခြား တို့ အ နက် သု စ ရိုက် ပြု သူ တိုင်း၌ ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ ချမ်း သာ ခြင်း ရောက် လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible10 ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတ္တံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဘုန်းတော်၊ ဂုဏ်တော်နှင့် ငြိမ်သက်ခြင်းတို့မူကား ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ကောင်းသောအမှုကိုပြုသောသူအပေါင်းတို့အပေါ်သို့ သက်ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုကဲ့သို့ပင် ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကောင်းမှုပြုသူအပေါင်းတို့အား ဘုရားသခင်သည် ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် ငြိမ်းချမ်းခြင်းတို့ကို ခံစားစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း။ ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-