ငွေငါးပိဿာကို ရသောသူသည် ချက်ချင်းသွား၍ အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် ငါးပိဿာကို အမြတ်ရ၏။
ရောမ 15:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း လူမျိုးခြားများ ဘုရားသခင်ကို နာခံလာစေရန် ခရစ်တော်သည် ကျွန်ုပ်ကို အသုံးပြု၍ ကျွန်ုပ်၏ အပြောအဆို၊ အပြုအမူအားဖြင့်လည်းကောင်း၊ Common Language Bible လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။- Garrad Bible နိ မိတ် လ ဏ္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၏ တန် ခိုး နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး နှင့် လည်း ကောင်း၊ ငါ့ အ ပြော အ ဆို အ ပြု အ မူ များ အား ဖြင့် လူ မျိုး ခြား တို့ လိုက် နာ စေ အံ့ သော ငှါ ခ ရစ် တော် ပြု တော် မူ သော အ ရာ များ ကို သာ ငါ ပြော ဝံ့ သည့် အ တိုင်း ငါ သည် ယေ ရု ရှ လင် မြို့ က ဣ လု ရိ ပြည် တိုင် အောင် ဒေ သ စာ ရီ လှည့် လည် လျက် ခ ရစ် တော်၏ သ တင်း တော် မြတ် ကို အ ကုန် အ စင် ကြား ပြော ခဲ့ ပြီ။ Judson Bible တစ်ပါးအမျိုးသားတို့သည် စကားအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း၊ နားထောင်စေခြင်းငှာ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကို ပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင် ဟောပြောခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူမျိုးခြားတို့နာခံမှုရှိစေရန် ခရစ်တော်သည် ငါ့ကိုအသုံးပြု၍ တရားစကားနှင့်လုပ်ဆောင်မှုအားဖြင့်လည်းကောင်း၊ |
ငွေငါးပိဿာကို ရသောသူသည် ချက်ချင်းသွား၍ အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် ငါးပိဿာကို အမြတ်ရ၏။
ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
ထိုအခါ ဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် လူမျိုးခြားများအထဲတွင် ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များအကြောင်းကို ထိုသူတို့အားပြောပြရာ စုဝေးသောလူအပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ကြ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
ပေါလုသည် သူတို့အား နှုတ်ဆက်ပြီးနောက် မိမိလုပ်ဆောင်သောအမှုတော်အားဖြင့် လူမျိုးခြားတို့အပေါ်၌ ဘုရားသခင်ပြုတော်မူသော အမှုတို့ကို တစ်ခုချင်းပြောပြလေ၏။
ဦးစွာ ဒမတ်စကပ်မြို့သူမြို့သားများ၊ ထို့နောက် ဂျေရုဆလင်မြို့သူမြို့သားများ၊ ယုဒပြည်သူပြည်သားများနှင့် လူမျိုးခြားများအား ‘သင်တို့သည် နောင်တရ၍ ဘုရားသခင်ထံ ပြောင်းလဲကြရမည်။ နောင်တနှင့် လျော်ကန်သည့်အကျင့်ကို ကျင့်ကြရမည်’ ဟု ဟောပြောခဲ့၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။
ကျွန်ုပ်ကြွားဝါလိုလျှင်လည်း အမှန်ကိုသာ ပြောဆိုမည်ဖြစ်သောကြောင့် မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူကမျှ ကျွန်ုပ်ကို မြင်ရသည်ထက်၊ သို့မဟုတ် ကျွန်ုပ်ထံက ကြားရသည်ထက် ပို၍ အထင်မကြီးမိစေရန် ကျွန်ုပ်မကြွားဝါဘဲနေမည်။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးတို့၏ တမန်တော်အဖြစ် ခန့်အပ်ခံရသည့် ပေတရုအားဖြင့် လုပ်ဆောင်တော်မူသော ဘုရားသခင်သည် လူမျိုးခြားတို့၏ တမန်တော်အဖြစ် ခန့်အပ်ခံရသော ကျွန်ုပ်အားဖြင့်လည်း လုပ်ဆောင်တော်မူသောကြောင့် ဖြစ်၏။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။
အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
ထိုတရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်ကြလော့။ မိမိကိုယ်ကိုယ် လှည့်စား၍ ကြားနာရုံမျှသာ ကြားနားသောသူ မဖြစ်စေကြနှင့်။
သို့ရာတွင် ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ပြစ်တင်စော်ကားစကားမဆိုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ” ဟူ၍သာ ဆိုခဲ့၏။