ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
ယုဒ 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။ Common Language Bible ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။ Garrad Bible ထို သူ တို့ သည် ဝန် တို ညည်း ညူ လျက် ကိုယ့် တပ် မက် ခြင်း အ တိုင်း လျှောက် လိုက် သူ၊ စ ကား လုံး ကြီး များ ပြော ဆို သူ ကိုယ့် အ ကျိုး ကို ငဲ့၍ မျက် နှာ ကြီး ငယ် ထောက် သူ များ ဖြစ် ကြ ၏။ Judson Bible ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သောသူ ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။ |
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
ထိုအဖြစ်အပျက်ကို မြင်သောသူများက “ယေရှုသည် အပြစ်ရှိသူတစ်ဦး၏အိမ်တွင် တည်းခိုရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်ပြောဆိုကြ၏။
သို့သော် ဖာရိရှဲများနှင့် သူတို့ထဲမှ ကျမ်းတတ်ဆရာများက “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့အား ဝေဖန်ပြစ်တင်ကြ၏။
ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
တပည့်တော်များညည်းညူပြောဆိုကြသည်ကို သိတော်မူသဖြင့် ယေရှုက “ဤသွန်သင်ချက်ကြောင့် သင်တို့စိတ်ပျက်ကြသလော။
ထိုသူတချို့ ညည်းညူသကဲ့သို့ မညည်းညူကြနှင့်။ ထိုသူတို့သည် ညည်းညူသောကြောင့် သေမင်းတမန်၏ လက်ချက်ဖြင့် သေကျေပျက်စီးခဲ့ကြ၏။
ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း ပြုမူနေထိုင်ကြရန် သင်တို့အား ကျွန်ုပ်ပြောလို၏။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့သည် လူ့ဗီဇစိတ်အလိုကို မလိုက်ဘဲ နေကြလိမ့်မည်။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
ထို့ပြင် အသိစိတ်ဖောက်ပြန်ပြီး အမှန်တရားကို ကျောခိုင်းသောသူတို့အကြား အဆုံးမသတ်နိုင်သောအငြင်းပွားမှုများ ဖြစ်လာ၏။ ထိုသူတို့သည် ဘုရားတရားကိုင်းရှိုင်းလျှင် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်ကြ၏။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
သင်တို့သည် ဘုရားသခင်ကို နာခံသောသားသမီးများဖြစ်သောကြောင့် သင်တို့မသိနားမလည်ခဲ့စဉ်အချိန်က လိုက်ခဲ့သော တပ်မက်မှုနောက်သို့ မလိုက်ကြနှင့်။
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
အထူးသဖြင့် ညစ်ညမ်းသောအရာကို တပ်မက်သည့် လူ့ဗီဇစိတ်နောက်သို့ လိုက်သွားသူများနှင့် ဘုရားသခင်၏ အုပ်စိုးခြင်းကို မထီမဲ့မြင်ပြုသူများအား ထိုသို့အပြစ်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုဝံ့ကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။