ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
မဿဲ 27:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်ုပ်သည် အပြစ်ကင်းသောသူကို သစ္စာဖောက်၍ အပြစ်ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထိုသူတို့က “ဤကိစ္စသည် ငါတို့နှင့် မည်သို့ဆိုင်သနည်း။ သင့်ကိစ္စကို သင်ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။ Common Language Bible ``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။- Garrad Bible အ ပြစ် ကင်း သူ့ ကို အပ် သည့် အ တွက် ကျွန် တော် ပြစ် မှား မိ ပါ ပြီ ဟု ဆို ရာ ငါ တို့ နှင့် မည် သို့ ဆိုင် သ နည်း။ ကိုယ် တိုင် ထောက် ရှု လော့ ဟု ပြန် ဆို ကြ သော် Judson Bible အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။ မြန်မာ အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊- |
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
ပိလတ်မင်းက “သူသည် မည်သို့သောပြစ်မှုကို ကျူးလွန်သနည်း။ သေဒဏ်ပေးရမည့်ပြစ်မှုကို သူ့ထံတွင် ငါမတွေ့ရပါ။ ထို့ကြောင့် သူ့အား ငါကြိမ်ဒဏ်ပေး၍ လွှတ်လိုက်မည်” ဟု တတိယအကြိမ်ဆိုလေ၏။
ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
ဂျူးခေါင်းဆောင်များက “သူသည် မိမိကိုယ်ကိုယ် ဘုရားသားတော်ဖြစ်သည်ဟု ပြောဆိုသောကြောင့် အကျွန်ုပ်တို့၏ တရားဥပဒေအရ သေဒဏ်ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။
ထိုအရှင်ထံတွင် သေဒဏ်ပေးထိုက်သောပြစ်ချက်ကို မတွေ့ရသော်လည်း သေဒဏ်ပေးရန် ပိလတ်မင်းအားတောင်းဆိုကြ၏။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
မာရ်နတ်နှင့် သက်ဆိုင်သူဖြစ်ပြီး မိမိညီကို သတ်သော ကာဣနကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣနသည် အဘယ်ကြောင့် ညီကို သတ်သနည်း။ အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်၍ ညီဖြစ်သူ၏အကျင့်မှာ ဖြောင့်မတ်သောကြောင့်ဖြစ်၏။
ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် ထိုပရောဖက်နှစ်ပါး၏ အဖြစ်ကြောင့် ဝမ်းမြောက်၍ တစ်ဦးကိုတစ်ဦးလက်ဆောင်များ ပေးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကို ညှဉ်းဆဲသောကြောင့်ဖြစ်၏။