Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 27:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တ ရား ခွင် တွင် ထိုင် လျက် ရှိ စဉ် မင်း က တော် က လည်း ထို သူ တော် ကောင်း နှင့် စပ်၍ မည် သို့ မျှ မ ပြု ပါ နှင့်။ ကျွန် မ သည် ယ နေ့ အိမ် မက် တွင် သူ့ ကြောင့် ဒု က္ခ များ စွာ တွေ့ ရ ပါ သည် ဟု ကြား လျှောက် စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 27:19
28 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ တွေးတောဆင်ခြင်​နေစဉ် ထာဝရဘုရား​၏ ကောင်းကင်တမန်​တစ်ပါး​သည် ယောသပ်​ကို အိပ်မက်​တွင် ကိုယ်ထင်ပြ​၍ “ဒါဝိဒ်မင်း​၏​သား ယောသပ်… မာရိ​ကို သင်​၏​ဇနီးမယား​အဖြစ် လက်ထပ်ရမည့်​အမှု​အတွက် မတွန့်ဆုတ်နှင့်။ အဘယ်ကြောင့်ဆိုသော် သူ​၏ ကိုယ်ဝန်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုး​ကြောင့် ဖြစ်၏။


ဟေရုဒ်မင်း ကွယ်လွန်​သောအခါ ထာဝရဘုရား​၏ ကောင်းကင်တမန်​တစ်ပါး​သည် အီဂျစ်ပြည်​၌​ရှိသော ယောသပ်​ကို အိပ်မက်​တွင် ကိုယ်ထင်ပြ​၍


သို့သော် ဟေရုဒ်မင်း​၏​နေရာ​၌ သားဖြစ်​သူ အာခေလ​သည် ဆက်ခံ​၍ ယုဒပြည်​ကို အုပ်ချုပ်နေကြောင်း ကြားသိ​သောအခါ ထို​ပြည်​သို့ မသွားဝံ့ပေ။ ထို့နောက် ယုဒပြည်​သို့ ပြန်မသွား​ရန် အိပ်မက်​တွင် သတိပေးခံရ​သဖြင့် ယောသပ်​သည် ဂါလိလဲပြည်​သို့ သွား၍


ထိုသို့​မေးရခြင်း​မှာ ဂျူးဘာသာရေး​ခေါင်းဆောင်များ​က ယေရှု​ကို မနာလို​၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိ​သောကြောင့် ဖြစ်၏။


ပိလတ်မင်း​သည် မိမိ​ဆက်လက်​ပြောဆို​ရန် မည်သို့မျှ​မဖြစ်နိုင်ကြောင်း​နှင့် လူထု ရုန်းရင်းဆန်ခတ်​ဖြစ်လာမည့်​အခြေအနေ​ကို မြင်လေ၏။ ထို့ကြောင့် လူထု​ရှေ့တွင် ရေဇလုံ​၌ သူ​၏ လက်​ကို ဆေး​ကာ “ဤ​သူ​သေရခြင်း​မှာ ငါ​၏ တာဝန်​မဟုတ်။ သင်တို့​၏ တာဝန်သာ​ဖြစ်သည်” ဟု ဆိုလေ၏။


“ကျွန်ုပ်​သည် အပြစ်ကင်းသောသူ​ကို သစ္စာဖောက်​၍ အပြစ်​ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထို​သူတို့​က “ဤ​ကိစ္စ​သည် ငါတို့​နှင့် မည်သို့​ဆိုင်သနည်း။ သင့်​ကိစ္စ​ကို သင်​ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။


ငါတို့​သည် အမှန်​ပင် ကိုယ့်​ပြစ်မှုများ​အတိုင်း ထိုက်သင့်သည့်​ပြစ်ဒဏ်​ကို တရား​စွာ​ခံရကြ၏။ သို့သော် ဤ​သူ​သည် မည်သည့်​ပြစ်မှု​ကို​မျှ မကျူးလွန်ပါ” ဟု ပြောဆို​ဆုံးမ၏။


ဤ​အဖြစ်အပျက်​ကို ရောမ​တပ်မှူး​သည် မြင်တွေ့​သောအခါ “ဤ​သူ​သည် အမှန်ပင်​ဖြောင့်မတ်သော​သူ ဖြစ်သည်” ဟု ဆို​ကာ ဘုရားသခင်​ကို​ချီးမွမ်းလေ၏။


ထို​စကား​ကို ကြား​သောအခါ ပိလတ်မင်း​သည် ယေရှု​ကို သူတို့​ရှေ့​၌ ပြန်လည်​ခေါ်ထုတ်​၍ ကျောက်ပြား​ခင်းထားသော​ဝင်း​ဟု ခေါ်သည့် နေရာ​၌ ရှိသော​တရားခွင်​တွင် ထိုင်လေ၏။ ထို​စင်္ကြံ​ကို ဟေဗြဲဘာသာ​ဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။


ချိန်းဆိုထားသော​နေ့​တွင် ဟေရုဒ်မင်း​သည် မင်းဝတ်တန်ဆာများ​ကို ဝတ်ဆင်​လျက် ရာဇပလ္လင်​ပေါ်​တွင်​ထိုင်​ကာ လူထု​အား မိန့်ခွန်းပြောလေ၏။


သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


သူတို့​ကို တရားခွင်​မှ နှင်ထုတ်လိုက်၏။


ထိုအခါ သူတို့​အားလုံး​က ဝတ်ပြုဆောင်မှူး​သုဿင်​ကို ဖမ်း​၍ တရားခွင်​ရှေ့​၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်း​သည် ထို​အမှုများ​ကို ဂရုမစိုက်ဘဲ​နေ၏။


သို့သော်​ပေါလု​က “အကျွန်ုပ်​သည် ဆီဇာဘုရင်​၏​တရားခွင်​တွင် အယူခံဝင်ထား​သဖြင့် ဤ​နေရာ​၌​သာ စစ်ဆေး​ခံသင့်ပါ၏။ အရှင်​ကောင်းစွာ​သိသည့်​အတိုင်း ဂျူးလူမျိုးတို့​ကို အကျွန်ုပ်​မပြစ်မှားခဲ့ပါ။


ထို့ကြောင့် သူတို့​သည် ဤ​မြို့​သို့ ရောက်လာ​သောအခါ အကျွန်ုပ်​သည်​ချက်ချင်း​ပင် နောက်​တစ်နေ့​တွင် တရားခွင်​၌​ထိုင်​၍ ပေါလု​ကို​ခေါ်ဆောင်လာ​ရန် အမိန့်ပေးခဲ့ပါ၏။


ဖေတ္တုမင်း​သည် သူတို့​ထံ​၌ ရှစ်ရက်၊ သို့မဟုတ် ဆယ်ရက်​ထက်​မပိုဘဲ နေပြီး​နောက် ဆီဇာရီးယားမြို့​သို့ ပြန်လေ၏။ နောက်​တစ်နေ့​တွင် တရားခွင်​၌​ထိုင်​လျက် ပေါလု​ကို​ခေါ်ဆောင်လာ​ရန် အမိန့်ပေးလေ၏။


“ကိုယ်တော်​သည် အပြစ်​မကျူးလွန်။ မည်သည့်​အခါ​မျှ မလိမ်လည်။”


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ