သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူများသည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူများသည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။
တမန်တော်ဝတ္ထု 6:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။ Common Language Bible သို့ဖြစ်၍ဘုရားသခင်၏နှုတ်ကပတ်တရား တော်သည်ပျံ့နှံ့၍ တပည့်တော်အရေအတွက် သည် ယေရုရှလင်မြို့တွင်များစွာတိုးပွားလျက် နေ၏။ ယဇ်ပုရောဟိတ်အမြောက်အမြားပင် သတင်းကောင်းကိုလက်ခံယုံကြည်လာကြ၏။ Garrad Bible ဘု ရား သ ခင့် တ ရား တော် ထွန်း ကား လျက် ယေ ရု ရှ လင် မြို့ တွင် တ ပည့် တော် အ ရေ အ တွက် အ လွန် တိုး တက် လျက် များ စွာ သော ပ ရော ဟိတ် တို့ ပင် ယုံ ကြည် ခြင်း တ ရား တော် ကို လိုက် နာ ကြ ၏။ Judson Bible ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။ |
သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူများသည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူများသည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။
ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဂျူးခေါင်းဆောင်များအပါအဝင် လူများစွာတို့သည် ယေရှုကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့အား ဖာရိရှဲတို့က ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ကို စိုးသဖြင့် သူတို့သည် လူတို့ရှေ့၌ ဝန်မခံကြ။
သို့ရာတွင် မှော်ဆရာဟု အဓိပ္ပာယ်ရသောဧလုမအမည်ရှိသည့် ထိုသူသည် ဗာနဗနှင့်ရှောလုတို့ကို ဆန့်ကျင်၍ ထိုမြို့ဝန်မင်းကို ယုံကြည်ခြင်းမှလမ်းလွှဲစေရန် ကြိုးပမ်းလေ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ထိုသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားတော်သည် တန်ခိုးအာဏာတော်နှင့်ကြီးထွား၍ ပျံ့နှံ့လွှမ်းမိုးလေ၏။
ဘုရားသခင်ကို ချီးမွမ်း၍ လူအပေါင်းတို့၏ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည် ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှ တိုးပွားစေတော်မူ၏။
ဤအကြောင်းကို ကြားသောအခါ သူတို့သည် ဘုရားသခင်အားချီးမွမ်းကြ၏။ ထို့နောက် ပေါလုအား “ချစ်ရသောညီ… ထောင်ပေါင်းများစွာသောဂျူးတို့သည် ယုံကြည်လာကြ၍ သူတို့အားလုံးသည် မောရှေ၏ပညတ်ကျမ်းကို လေးလေးနက်နက်လိုက်နာသောသူများ ဖြစ်ကြသည်ကို သင်သိမြင်၏။
ထိုနေ့ရက်များ၌ ယုံကြည်သူများအရေအတွက်တိုးလာ၏။ ထိုအခါ ဂရိစကားပြောသောဂျူးတို့က မိမိတို့၏မုဆိုးမများသည် နေ့စဉ်ဝေသောအစားအစာများကို မရကြောင်း ဟေဗြဲစကားပြောသောဂျူးတို့အား အပြစ်တင်ကြ၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
“ယခင်က ငါတို့ကို ညှဉ်းဆဲခဲ့သောသူသည် တစ်ချိန်က သူကိုယ်တိုင် ဖျက်ဆီးရန် ကြိုးစားခဲ့သော ယုံကြည်ခြင်းတရားကို ဟောပြောနေသည်” ဟု လူတို့ ပြောဆိုသံကို သာလျှင် ထိုသူတို့ ကြားသိရ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။