ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
ကောလောသဲ 1:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။ Common Language Bible ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။ Garrad Bible ငါ၌ အား ကြီး စွာ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ ငါ ကြိုး စား အား ထုတ် လျက် ရှိ ၏။ Judson Bible ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။ |
ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
ကျွန်ုပ်၏ ပြင်းပြသောဆန္ဒမှာ အခြားတစ်ဦးတည်ထောင်ထားသော အသင်းတော်ရှိရာ ဒေသထက် ခရစ်တော်၏အမည်နာမကို မကြားဖူးသေးသော ဒေသ၌ သတင်းကောင်းကို ဟောပြောရန်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သန့်ရှင်းသောဝိညာဉ်တော်၏ မေတ္တာတော်နှင့် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံ ကျွန်ုပ်အတွက် ကျွန်ုပ်နှင့်အတူ ဆုတောင်းကြရန် သင်တို့အား တိုက်တွန်းနှိုးဆော်ပါ၏။
ဤဆုကျေးဇူးအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသောသူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်ဖြစ်တော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကသာ မိမိအလိုအတိုင်း ထိုဆုကျေးဇူးတို့ကို တစ်ဦးစီအား အသီးသီးဝေငှပေးတော်မူ၏။
လုပ်ဆောင်ပုံအမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ရှိသော လုပ်ဆောင်ပုံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသော ဘုရားသခင် တစ်ပါးတည်းရှိ၏။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
ခရစ်တော်သည် ကျွန်ုပ်အားဖြင့် မိန့်တော်မူသည်ဟူသော သက်သေကို သင်တို့တောင်းဆိုသည့်အတိုင်း ကျွန်ုပ်ပြမည်။ ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်သည် သင်တို့အလယ်၌ အားကြီးတော်မူ၏။
ထို့ကြောင့် ဤကိုယ်ခန္ဓာ၌ ရှိနေသည်ဖြစ်စေ၊ စွန့်ခွာသည်ဖြစ်စေ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကိုယ်တော်အား နှစ်သက်စေတော်မူရန် ဖြစ်၏။
ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခံရခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာပြတ်လပ်ခြင်းတို့ကို သည်းခံကြ၏။
ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည်
တန်ခိုးတော် သက်ဝင်လှုပ်ရှားမှုကြောင့် ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်နှင့်ဆိုင်သော အထူးတာဝန်ကို ခံစားရသည်နှင့်အညီ ကျွန်ုပ်သည် ထိုသတင်းကောင်းကို ဟောပြောသူ ဖြစ်လာ၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
ထာဝရအသက်ကို ပေးသည့် နှုတ်ကပတ်တရားတော်ကို မြဲမြံစွာ စွဲကိုင်ကြလော့။ ထိုသို့ ပြုလျှင် ကျွန်ုပ်ကြိုးစားအားထုတ်၍ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဟုတ်သောကြောင့် ခရစ်တော်ပြန်ကြွလာသည့်အချိန်၌ ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။
သင်တို့နှင့် လောဒိကိမြို့သားများအပါအဝင် ကျွန်ုပ်နှင့် လူချင်းမဆုံဖူးသေးသောသူများအတွက် ကျွန်ုပ် မည်မျှကြိုးပမ်းရုန်းကန်နေသည်ကို သင်တို့သိစေလို၏။
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။
ကျွန်ုပ်တို့သည် အဖိုးအခမပေးဘဲ မည်သူတစ်ဦးတစ်ယောက်၏ အစားအစာကိုမျှ မစားခဲ့ကြ။ သင်တို့တစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်တို့ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ရောညပါ ကြိုးစား၍ အလုပ်လုပ်ခဲ့ကြ၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
သင်တို့သည် မကောင်းမှုကို တိုက်ခိုက်တွန်းလှန်ရာတွင် သွေးမြေကျသည်အထိ မခုခံကြရသေးပေ။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။