Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သို့ ရာ တွင် ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် ယ ခု အ တိုင်း ငါ ဖြစ် လျက် ခံ ရ သော ကျေး ဇူး တော် အ ချည်း နှီး မ ဖြစ် ရ ဘဲ တ မန် တော် ရှိ သ မျှ ထက် ဆောင် ရွက် လေ၏။ ထို သို့ ဆို သော် ငါ ဆောင် ရွက် သည် မ ဟုတ်၊ ငါ နှင့် အ တူ ရှိ သော ဘု ရား သ ခင့် ကျေး ဇူး တော် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:10
25 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ​မှာ သင်တို့​မဟုတ်ဘဲ သင်တို့​အဖ​၏​ဝိညာဉ်တော်​သည် သင်တို့​အားဖြင့် ပြောဆိုနေမည်​ဖြစ်၏။


ငွေငါးပိဿာ​ကို ရသော​သူ​သည် ချက်ချင်း​သွား​၍ အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် ငါးပိဿာ​ကို အမြတ်ရ၏။


သို့ဖြစ်လျှင် ကျွန်ုပ်​မေးလိုသည်​မှာ ဘုရားသခင်​သည် မိမိ​လူမျိုးတော်​ကို စွန့်ပယ်တော်မူပြီလော။ စွန့်ပယ်တော်မမူ။ ကျွန်ုပ်​ကိုယ်တိုင်​ပင် အစ္စရေးလူမျိုး၊ အာဗြဟံ​မျိုးဆက်၊ ဗင်္ယာမိန်​အနွယ်​ဖြစ်၏။


ကျွန်ုပ်​အား ဘုရားသခင်​ပေးအပ်တော်မူသော တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ဖြင့် သင်တို့​တစ်ဦးချင်း​ကို ကျွန်ုပ်​ပြော​လိုသည်​မှာ သင်တို့​သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်​ထက် ပို၍ အထင်​မကြီးကြနှင့်။ မိမိတို့​အတွက် ဘုရားသခင်​ခွဲဝေ​ပေးသနားတော်မူသော ယုံကြည်ခြင်း​ပမာဏ​အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်​ရိုးသား​စွာ သုံးသပ်ကြလော့။


ထို့ကြောင့် ကျွန်ုပ်​ဟောပြောသည်​ဖြစ်စေ၊ သူတို့​ဟောပြောသည်​ဖြစ်စေ ကျွန်ုပ်တို့​ဟောပြောသော​အကြောင်းအရာ​နှင့် သင်တို့​ယုံကြည်ခဲ့ကြသော အကြောင်းအရာ​မှာ တစ်ခုတည်း​ဖြစ်၏။


ကျွန်ုပ်​ဟောပြောခဲ့သော ထို​သတင်းကောင်း​တရား​ကို သင်တို့​ဆက်လက်​၍ စွဲမြဲ​စွာ ယုံကြည်​လျှင် ထို​သတင်းကောင်း​အားဖြင့် သင်တို့​သည် ကယ်တင်​ခံကြရ၏။ ထိုသို့ မယုံကြည်​လျှင် သင်တို့ ယုံကြည်ခဲ့သည်​မှာ အချည်းနှီး​ဖြစ်၏။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


ကျွန်ုပ်​သည် မျိုးစေ့​စိုက်၏။ အာပေါလု​သည် ရေလောင်း၏။ သို့သော် ထို​အပင်​ကို ကြီးထွားစေတော်မူသော အရှင်​မှာ ဘုရားသခင်​ပင် ဖြစ်ပေ၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ထိုသို့​ဆိုသော် ကျွန်ုပ်တို့​သည် အရာရာ​ကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်​ရှိကြောင်း ထင်မှတ်ကြသည်​မဟုတ်ပါ။ ကျွန်ုပ်တို့​၏ စွမ်းရည်​သည် ဘုရားသခင်​ထံမှ ဖြစ်၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးတို့​၏ တမန်တော်​အဖြစ် ခန့်အပ်​ခံရသည့် ပေတရု​အားဖြင့် လုပ်ဆောင်တော်မူသော ဘုရားသခင်​သည် လူမျိုးခြားတို့​၏ တမန်တော်​အဖြစ် ခန့်အပ်​ခံရသော ကျွန်ုပ်​အားဖြင့်​လည်း လုပ်ဆောင်တော်မူ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​နှစ်သက်စေမည့်​အရာ​ကို ဆောင်ရွက်လိုသော​စိတ်ဆန္ဒ​ရှိရန်​နှင့် ဆောင်ရွက်နိုင်စွမ်း​ရှိရန် သင်တို့​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော​အရှင်​သည် ဘုရားသခင်​ဖြစ်တော်မူ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ခရစ်တော်​အားဖြင့် ထို​အခြေအနေ​အားလုံး​ကို ကျွန်ုပ်​ရင်ဆိုင်​နိုင်၏။


ညီအစ်ကို​မောင်နှမ​တို့… ကျွန်ုပ်တို့ တိုက်တွန်း​လို၏။ သင်တို့​အထဲ​တွင် အမှုတော်​ကို ကြိုးစား​ဆောင်ရွက်​၍ ဝိညာဉ်​ရေးရာ​၌ ဦးဆောင်ပြီး သင်တို့​ကို သတိပေး​ဆုံးမ​သွန်သင်နေသော​သူများ​ကို ရိုသေလေးစားကြလော့။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ