Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ဤ​ဆုကျေးဇူး​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော​သူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်​ဖြစ်တော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကသာ မိမိ​အလို​အတိုင်း ထို​ဆုကျေးဇူးတို့​ကို တစ်ဦးစီ​အား အသီးသီး​ဝေငှပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို အ ကျိုး ဆက် များ သည် အ သီး အ သီး တို့ အား အ လို တော် အ လျောက် ဝေ မျှ တော် မူ သော ထို ဝိ ညာဉ် တော် တစ် ဆူ တည်း အား ဖြင့် ဖြစ် ပွား လေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​သည် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​တော်မူ​၍ အလို​တော်​ရှိ​သည့်​အတိုင်း ထို​ဆု​ကျေးဇူး​များ​ကို တစ်ဦးစီ​အား အသီးသီး​ခွဲဝေ​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:11
18 ပူးပေါင်းရင်းမြစ်များ  

မှန်ပါ၏ အဖ။ ဤ​သည်​မှာ အဖ​ခမည်းတော် နှစ်သက်တော်မူသော​အရာ​ပင် ဖြစ်၏။


ငါ​ပိုင်သည့် ငွေ​ကို ငါ​သုံးလိုသည့်​အတိုင်း သုံးခွင့်​မရှိ​သလော။ ငါ​သည် ရက်ရော​သောကြောင့် သင်တို့​သည် မနာလိုစိတ်​ရှိသလော’ ဟု တုံ့ပြန်၏။


ယောဟန်​က “ဘုရားသခင်​သည် ကောင်းကင်ဘုံ​မှ ပေးတော်မမူ​လျှင် လူ​သည် မည်သည့်​အရာ​ကိုမျှ မရရှိ​နိုင်ပါ။


လေ​သည် လိုရာ​အတိုင်း တိုက်တတ်၏။ သင်​သည် လေသံ​ကို ကြားရ​သော်လည်း မည်သည့်​အရပ်​က တိုက်​လာသည်၊ မည်သည့်​အရပ်​သို့​တိုက်​လိမ့်မည်​ကို မသိ။ ထို​နည်းတူ ဝိညာဉ်တော်​အားဖြင့် လူတို့​ကို မည်ကဲ့သို့ မွေးဖွားကြောင်း သင်​မသိနိုင်” ဟု မိန့်တော်မူ၏။


ခမည်းတော်​သည် သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူ​သကဲ့သို့ သားတော်​သည်လည်း မိမိ​အလိုရှိသော​သူတို့​ကို ရှင်စေ၏။


သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။


ထို့ကြောင့် ဘုရားသခင်​သည် ကျေးဇူးပြု​လိုသောသူ​ကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာ​စေလိုသောသူ​ကို ခေါင်းမာစေတော်မူ၏။


သို့သော်လည်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီ​ကို အလိုတော်​ရှိသည့်​အတိုင်း ကိုယ်ခန္ဓာ​၌ အသီးသီး နေရာချ​တော်မူ၏။


ဝိညာဉ်​ဆုကျေးဇူး​အမျိုးမျိုး​ရှိ​သော်လည်း ဝိညာဉ်တော်​တစ်ပါးတည်း​ရှိ၏။


လုပ်ဆောင်ပုံ​အမျိုးမျိုး​ရှိ​သော်လည်း လူအပေါင်းတို့​၌ ရှိသော လုပ်ဆောင်ပုံ​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော ဘုရားသခင် တစ်ပါးတည်း​ရှိ၏။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။


ကျွန်ုပ်​သည် လူတိုင်း​ကို ကျွန်ုပ်​ကဲ့သို့ အိမ်ထောင်​မပြုဘဲ နေ​စေလို၏။ သို့သော်လည်း လူတိုင်း​တွင် ဘုရားသခင်​ထံမှ ရရှိသော အထူး​ဆုကျေးဇူး​တစ်မျိုး​စီ​ရှိ၏။


သို့သော် ကျွန်ုပ်တို့​သည် မိမိတို့​၏ အတိုင်းအတာ​ကို ကျော်လွန်​၍ ကြွားဝါမည်​မဟုတ်။ ကျွန်ုပ်တို့​အား ဘုရားသခင် ပေးအပ်ထားတော်မူသော​နယ်ပယ်​အတွင်း​၌သာ ကြွားဝါမည်။ သင်တို့​သည်လည်း ထို​နယ်ပယ်​အတွင်း​၌ ပါဝင်၏။


အရာ​အားလုံး​ကို မိမိ​အလိုတော်​နှင့်​ညီသော အကြံအစည်တော်​အတိုင်း လုပ်ဆောင်တော်မူသည့်​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်း​အားဖြင့် ရှေးယခင်​ကပင် ကြိုတင်​သတ်မှတ်တော်မူသည့်​အတိုင်း မိမိ​၏​အမွေခံများ​အဖြစ် ရွေးချယ်တော်မူ၏။


သို့သော် ကျွန်ုပ်တို့​တစ်ဦးစီ​သည် ခရစ်တော် ခွဲဝေ​ပေးတော်မူသည့်​အတိုင်း အထူး​စွမ်းရည်​ကို အသီးသီး ရရှိကြ၏။


တစ်ချိန်တည်း​မှာပင် ဘုရားသခင်​ကလည်း နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိ​အလိုတော်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဆုကျေးဇူးများ​ကို ဝေမျှတော်မူခြင်း စသည်တို့​ဖြင့် သူတို့​နှင့်​အတူ သက်သေခံတော်မူ၏။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ