ဖိလိပ္ပိ 2:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထာဝရအသက်ကို ပေးသည့် နှုတ်ကပတ်တရားတော်ကို မြဲမြံစွာ စွဲကိုင်ကြလော့။ ထိုသို့ ပြုလျှင် ကျွန်ုပ်ကြိုးစားအားထုတ်၍ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဟုတ်သောကြောင့် ခရစ်တော်ပြန်ကြွလာသည့်အချိန်၌ ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲဆဲရှိသည် မရှိသည်ကို သိရန် တိမောသေကို စေလွှတ်ခြင်းဖြစ်၏။ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းတစ်ဖုံ သွေးဆောင်သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်းသည် အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိတ်ပူ၏။