အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 9:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​အတိုင်း​၊ သင်​သည် ငါ​မိန့်မှာ​ထား​သည့်​အတိုင်း လုပ်ဆောင်​၍ ငါ​၏​ပညတ်ချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​လျက် ငါ့​ရှေ့မှောက်​တွင် စိတ်နှလုံး​တည်ကြည်​ဖြောင့်မတ်​စွာ အသက်ရှင်​လျှောက်လှမ်း​လျှင်

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် သည် ငါ မိန့် မှာ တိုင်း ပြု၍ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လျက် သင့် အ ဘ ဒါ ဝိဒ် ကဲ့ သို့ ငါ့ မျက် မှောက် တွင် ဖြောင့် မှန် စုံ လင် သော စိတ် သ ဘော နှင့် လိုက် လျှောက် လျှင်

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ဖြောင့်​မတ်​စုံ​လင်​သော စိတ်​သ​ဘော​နှင့် ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊

အခန်းကိုကြည့်ပါ။



၃ ရာ 9:4
31 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။


ထို​သူ​က ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ဆို​သည်​မ​ဟုတ်​လော​။ ထို​မိန်းမ​က​လည်း ‘​သူ​သည် ငါ့​အစ်ကို​ဖြစ်​သည်​’​ဟု ဆို​ခဲ့​ပါ​၏​။ အကျွန်ုပ်​သည် ရိုးဖြောင့်​သော​စိတ်​နှင့် အပြစ်ကင်း​သော​လက်​ဖြင့် ဤ​အမှု​ကို ပြု​ပါ​၏​”​ဟု လျှောက်​လေ​၏​။


အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ငါ​၏​ဘုရားသခင်​ကို​ဆန့်ကျင်​ပြီး ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။


ငါ​မိန့်မှာ​သမျှ​ကို သင်​လိုက်နာ​၍ ငါ့​လမ်း​သို့​လိုက်​မည်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး ပြုကျင့်​သကဲ့သို့ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို ငါ့​ရှေ့မှောက်​တွင် မှန်ကန်​စွာ​ပြုကျင့်​မည်​ဆို​လျှင် ငါ​သည် သင်​နှင့်အတူ​ရှိ​ပြီး ဒါဝိဒ်​မင်းဆက်​ကို တည်​စေ​သည့်​နည်းတူ သင့်​မင်းဆက်​ကို​လည်း ခိုင်မြဲ​စွာ​တည်​စေ​မည်​။ အစ္စရေး​နိုင်ငံ​ကို သင့်​အား အုပ်စိုးခွင့်​ပေး​မည်​။


ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဆိုးညစ်​သော​အမှု​ကို​ပြု​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ချေ​။


နိုင်ငံ​တော်​ကို ဒါဝိဒ်​မင်းမျိုးမင်းနွယ်​လက်​ထဲမှ ရုပ်သိမ်း​ပြီး သင့်​ကို ပေးအပ်​ခဲ့​၏​။ သို့သော် ငါ့​အစေအပါး​ဒါဝိဒ်​ကဲ့သို့ သင်​မ​ပြု​။ သူ​သည် ပညတ်တရား​တို့​ကို စောင့်ထိန်း​၍ ငါ့​နောက်​သို့ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​ပြီး ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။


ဒါဝိဒ်​မင်းကြီး​သည် သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဟိတ္တိ​လူမျိုး ဥရိယ​အမှု​မှလွဲ၍ မိန့်မှာ​တော်မူ​သမျှ​တို့​ကို တစ်စုံတစ်ရာ​မျှ​မ​လွဲ​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြုကျင့်​ခဲ့​၏​။


သင့်​ခမည်းတော်​ဒါဝိဒ် လိုက်လျှောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ့​လမ်း​သို့​လိုက်​၍ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​အသက်တာ​ကို ရှည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ကို​ချစ်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​သွန်သင်ချက်​အတိုင်း လိုက်လျှောက်​သော်လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​လေ့​ရှိ​သေး​၏​။


ရှောလမုန်​မင်းကြီး​က​လည်း “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် သစ္စာစောင့်​လျက်​၊ ဖြောင့်မတ်​လျက်​၊ စိတ်နှလုံး​မှန်ကန်​စွာ အသက်ရှင်​လျှောက်လှမ်း​ခဲ့​သဖြင့် ကိုယ်တော်​သည် သူ့​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ခဲ့​ပြီ​။ ဤ​ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကို ဆက်လက်​ပြသ​လျက် သူ့​သား​ကို သူ​၏​ရာဇပလ္လင်​ပေါ်တွင် ယနေ့ စံမြန်း​စေ​တော်မူ​လေ​ပြီ​။


“​ဤ​အိမ်​တော်​ကို သင်​တည်ဆောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို လိုက်နာ​၍ ပညတ်တော်​ရှိသမျှ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို သင်​၌ ငါ​တည်​စေ​မည်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ရှေ့မှောက်​၌ တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။


“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး ခါးသီးစွာ​အော်ဟစ်ငိုကြွေး​လေ​၏​။


အစ္စရေး​လူမျိုး​တို့​၏​ဓလေ့ထုံးစံ​နောက်သို့​လည်း​မ​လိုက်​ဘဲ ဘိုးဘေး​တို့​၏​ဘုရားသခင်​ကို​သာ ရှာဖွေ​ခဲ့​၏​။ ထာဝရဘုရား​၏​ပညတ်တော်​အတိုင်း လိုက်လျှောက်​၏​။


စုံလင်​သော​တရားလမ်း​ကို ဂရုပြု​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ မည်သည့်​အချိန်​မှ ကြွလာ​တော်မူ​မည်နည်း​။ အကျွန်ုပ်​သည် မိမိ​အိမ်​ထဲ​၌ တည်ကြည်​သော စိတ်နှလုံး​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ပါ​မည်​။


ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​သော​သူ​ရှိသမျှ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ထို​သူ​ကား အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​၊ ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ မိမိ​စိတ်နှလုံး​မှ သစ္စာစကား​ကို​ပြောဆို​သော​သူ​၊


အို ထာဝရဘုရား​၊ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် တည်ကြည်​စွာ​လျှောက်လှမ်း​၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ပါ​၏​။


အကျွန်ုပ်​မူကား တည်ကြည်​စွာ​လျှောက်လှမ်း​ပါ​၏​။ အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


သူ​သည်​လည်း တည်ကြည်​သော​စိတ်နှလုံး​ဖြင့် သူ​တို့​ကို​ထိန်းကျောင်း​၍ ကျွမ်းကျင်​လိမ္မာ​သော​လက်​ဖြင့် သူ​တို့​ကို​ပို့ဆောင်​၏​။


တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​လျှောက်လှမ်း​ရ​လိမ့်မည်​။ မိမိ​လမ်း​တို့​ကို​ကွေ့ကောက်​စေ​သော​သူ​၏ သဘော​မူကား သိသာထင်ရှား​လာ​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​သည် တည်ကြည်​စွာ​လျှောက်လှမ်း​တတ်​၏​။ နောင်လာမည့် သူ​၏​သားမြေး​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


အပြစ်တင်စရာမရှိ​အောင်​လျှောက်လှမ်း​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ ကွေ့ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူကား ရုတ်တရက်​လဲကျ​လိမ့်မည်​။


ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​ပြီး စီရင်ထုံးဖွဲ့ချက်​တို့​ကို သစ္စာရှိ​စွာ​စောင့်ထိန်း​လျက် ဖြောင့်မတ်​သော​သူ​ဖြစ်လျှင် သူ​သည် အမှန်ပင်​အသက်ချမ်းသာ​ရာ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ‘သင်​သည် ငါ့​လမ်းစဉ်​များ​အတိုင်း လိုက်လျှောက်​ပြီး ငါ​ညွှန်ကြား​သည့်​အတိုင်း လိုက်နာ​မည်​ဆိုလျှင် ငါ့​အိမ်​တော်​တွင် တာဝန်ထမ်း​ရ​သော​အခွင့်​၊ ငါ့​ဝင်း​တော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရ​သော​အခွင့်​ကို ပေး​မည်​။ ရပ်​နေ​သော ဤ​သူ​တို့​နှင့်အတူ ဝင်ထွက်​သွားလာ​ရ​သော​အခွင့်​ကို​လည်း သင့်​အား ငါ​ပေး​မည်​။


သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။


သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့​သင့်​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ထက် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။