ဆာလံ 101:2 - မြန်မာ့စံမီသမ္မာကျမ်း2 စုံလင်သောတရားလမ်းကို ဂရုပြုပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့်အချိန်မှ ကြွလာတော်မူမည်နည်း။ အကျွန်ုပ်သည် မိမိအိမ်ထဲ၌ တည်ကြည်သော စိတ်နှလုံးဖြင့် အသက်ရှင်လျှောက်လှမ်းပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible2 ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible2 စုံ လင် သော အ လေ့ အ လာ ၌ လိ မ္မာ စွာ ကျင် လည် လျက်၊ ကိုယ့် နန်း တော် အ တွင်း စုံ လင် သော စိတ် နှင့် လိုက် လျှောက် ပါ မည်။ မည် သည့် ကာ လ မှ ကြွ ရောက် တော် မူ ပါ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible2 စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ်ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသောစိတ်နှလုံးနှင့် ကျင့်ပါမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။