၂ ရာ 22:22 - မြန်မာ့စံမီသမ္မာကျမ်း22 အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။ အခန်းကိုကြည့်ပါ။Common Language Bible22 ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။ အခန်းကိုကြည့်ပါ။Garrad Bible22 အ သို့ ဆို သော်၊ ကိုယ့် ဘု ရား သ ခင့် အ ထံ တော် မှ ဆိုး သွမ်း စွာ မ ခွာ ဘဲ ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ကို ငါ စောင့် ရှောက် ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible22 အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။