Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 1:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို သူ နှစ် ဦး လုံး သည် ထာ ဝ ရ ဘု ရား၏ မိန့် မှာ ချက်၊ စီ ရင် ချက် တော် ရှိ သ မျှ အ တိုင်း၊ အ ပြစ် မဲ့ လိုက် လျှောက် လျက် ဘု ရား သ ခင့် ရှေ့ တော် တွင် ဖြောင့် မတ် သူ ဖြစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဇာခရိ​နှင့် ဧလိရှဗက်​တို့​သည် ထာဝရဘုရား​၏​ပညတ်တော်​အပေါင်း​နှင့် ပြဋ္ဌာန်းထားသော​စည်းမျဉ်းများ​ကို အပြစ်ဆိုဖွယ်​မရှိအောင် လိုက်နာကြ၏။ သူတို့​သည် ဘုရားသခင်​က မှန်ကန်​ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူခြင်း​ကို​ခံရသူများ ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 1:6
33 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။


နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။


တစ်ဖန် ထာဝရဘုရား​က နောဧ​အား “​ဤ​မျိုးဆက်​တွင် သင်​သည် ငါ့​ရှေ့​၌​ဖြောင့်မတ်​ကြောင်း ငါ​တွေ့မြင်​ရ​သည်​ဖြစ်၍ သင်​နှင့်တကွ သင့်​မိသားစု​တစ်စုလုံး သင်္ဘော​ထဲသို့​ဝင်​ကြ​လော့​။


ဒါဝိဒ်​မင်းကြီး​သည် သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဟိတ္တိ​လူမျိုး ဥရိယ​အမှု​မှလွဲ၍ မိန့်မှာ​တော်မူ​သမျှ​တို့​ကို တစ်စုံတစ်ရာ​မျှ​မ​လွဲ​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြုကျင့်​ခဲ့​၏​။


သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​အတိုင်း​၊ သင်​သည် ငါ​မိန့်မှာ​ထား​သည့်​အတိုင်း လုပ်ဆောင်​၍ ငါ​၏​ပညတ်ချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​လျက် ငါ့​ရှေ့မှောက်​တွင် စိတ်နှလုံး​တည်ကြည်​ဖြောင့်မတ်​စွာ အသက်ရှင်​လျှောက်လှမ်း​လျှင်


“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး ခါးသီးစွာ​အော်ဟစ်ငိုကြွေး​လေ​၏​။


အစ္စရေး​လူမျိုး​တို့​၏​ဓလေ့ထုံးစံ​နောက်သို့​လည်း​မ​လိုက်​ဘဲ ဘိုးဘေး​တို့​၏​ဘုရားသခင်​ကို​သာ ရှာဖွေ​ခဲ့​၏​။ ထာဝရဘုရား​၏​ပညတ်တော်​အတိုင်း လိုက်လျှောက်​၏​။


ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။


ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


“​ဤ​အမှန်တရား​ကို ငါ​သိ​ပါ​၏​။ သို့သော် လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။


ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။


သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။


သို့သော် ကိုယ်တော်​က“သင်​တို့​သည် လူ​တို့​ရှေ့​၌ မိမိတို့ကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့ရာတွင် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​ကို​သိ​တော်မူ​၏။ လူ​တို့​အမြတ်တနိုး​ထား​သော​အရာ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ရွံရှာ​ဖွယ်​ဖြစ်​၏။


ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍


ဒါဝိဒ်​က​လည်း ထို​အရှင်​နှင့်​ပတ်သက်၍ ‘ငါ​သည် ထာဝရ​ဘုရား​ကို အစဉ်မပြတ်​မျက်မှောက်​ပြု​၏။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည် တုန်လှုပ်​ခြင်း​မ​ရှိ​ရာ။


ပေါလု​သည် တရား​လွှတ်တော်​အဖွဲ့​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​၌ ကြည်လင်​သော​အသိစိတ်​အပြည့်အဝ​ဖြင့် ပြုမူ​နေထိုင်​ခဲ့​သည်”​ဟု ဆို​၏။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။


သင်​၏​စိတ်နှလုံး​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ မ​မှန်ကန်​သောကြောင့် သင်​သည် ဤ​အမှုအရာ​၌ ပါဝင်​ခွင့်​မ​ရှိ။ သင့်​ဝေစု​လည်း​မ​ရှိ။


ဤသည်ကား သွေးသား​ဇာတိ​အလို​အတိုင်း​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်စုံ​စေရန်​ဖြစ်​၏။


သင်​တို့​သည် အရာရာ​၌ ငါ့​ကို​သတိရ​လျက် သင်​တို့​ထံ​ငါ​ပေးအပ်​ထား​သော ဓလေ့​ထုံးတမ်း​နှင့်အညီ လိုက်လျှောက်​ကြ​သောကြောင့် သင်​တို့​ကို ငါ​ချီးမွမ်း​၏။


ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။


သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​လမ်း​ရှိသမျှ​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​တို့​ပိုင်ဆိုင်​ရ​မည့်​ပြည်​၌ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။ ကောင်းစား​၍ အသက်​ရှည်​မည်​။


ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။


ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။


ထို့ပြင် ငါ​တို့​၏​သခင်​ယေရှု​သည် မိမိ​၏​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​သောအခါ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်နှလုံး​ကို မြင့်မြတ်​သန့်ရှင်း​ခြင်း​အရာ​၌ အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။ အာမင်။


သို့ဖြစ်၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အရာ​များ​ကို​စောင့်မျှော်​နေ​ကြ​သည်​ဖြစ်၍ အစွန်းအထင်း​ကင်း​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​အဖြစ် ကိုယ်တော်​၏​ရှေ့​တော်​သို့ ငြိမ်းချမ်း​စွာ​ရောက်ရှိ​နိုင်​ရန် ကြိုးစား​ကြ​လော့။


ဘုရားသခင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။


ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ထို​အမှုအရာ​အားဖြင့် ဘုရားသခင်​ကို ငါ​တို့​သိကျွမ်း​သည်​ကို​သိ​ကြ​၏။


သားသမီး​တို့၊ သင်​တို့​ကို မည်သူမျှ မ​လှည့်ဖြား​စေ​နှင့်။ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​သည့်​နည်းတူ ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​သည် ဖြောင့်မတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ