၃ ရာ 11:38 - မြန်မာ့စံမီသမ္မာကျမ်း38 ငါမိန့်မှာသမျှကို သင်လိုက်နာ၍ ငါ့လမ်းသို့လိုက်မည်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီး ပြုကျင့်သကဲ့သို့ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို ငါ့ရှေ့မှောက်တွင် မှန်ကန်စွာပြုကျင့်မည်ဆိုလျှင် ငါသည် သင်နှင့်အတူရှိပြီး ဒါဝိဒ်မင်းဆက်ကို တည်စေသည့်နည်းတူ သင့်မင်းဆက်ကိုလည်း ခိုင်မြဲစွာတည်စေမည်။ အစ္စရေးနိုင်ငံကို သင့်အား အုပ်စိုးခွင့်ပေးမည်။ အခန်းကိုကြည့်ပါ။Common Language Bible38 အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။- အခန်းကိုကြည့်ပါ။Garrad Bible38 သင် သည် ငါ့ မိန့် မှာ တိုင်း နား ထောင် ၍ ကျွန် တော် ရင်း ဒါ ဝိဒ် ကဲ့ သို့၊ ငါ့ နည်း လမ်း များ ၌ လိုက် လျှောက် ခြင်း၊ ငါ့ မျက် မှောက် တွင် ဖြောင့် မှန် စွာ ကျင့် ခြင်း၊ ငါ့ ထုံး ဖွဲ့ မိန့် မှာ ချက် များ အ တိုင်း စောင့် ထိန်း ခြင်း များ ကို ပြု လျှင်၊ သင် နှင့် အ တူ ငါ ရှိ လျက် ဒါ ဝိဒ် အ မျိုး အ နွယ် တည် မြဲ စေ ခဲ့ သည့် နည်း တူ သင့် အ မျိုး အ နွယ် လည်း တည် မြဲ စေ ၍ ဣ သ ရေ လ နိုင် ငံ ကို အပ် ပေး မည်။ အခန်းကိုကြည့်ပါ။Judson Bible38 သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဖို့ မြဲမြံသောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဖို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။ အခန်းကိုကြည့်ပါ။ |
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။